Photo News - ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ ကန်တော်ကြီးသဘာဝဥယျာဉ်ရှိ အဆင့်မြှင့်တင်ထားသော ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနှင့် ဗိုလ်ချုပ်ကြေးရုပ်တုတို့ကို ပြန်လည်ဖွင့်လှစ်

Photo News - ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ ကန်တော်ကြီးသဘာဝဥယျာဉ်ရှိ အဆင့်မြှင့်တင်ထားသော ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနှင့် ဗိုလ်ချုပ်ကြေးရုပ်တုတို့ကို ပြန်လည်ဖွင့်လှစ်
Published 14 July 2020
ကြည်နိုင်

ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ကန်တော်ကြီးသဘာဝဥယျာဉ်ရှိ အဆင့်မြှင့်တင်ထားသော ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနှင့် ဗိုလ်ချုပ်ကြေးရုပ်တုတို့ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ပန်းခြံမှာ ယခင်ထက် ပိုမိုကျယ်ဝန်းကာ သပ်ရပ်သန့်ရှင်းလျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ၁၉၅၅ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ် အနှစ် ၄၀ မွေးနေ့တွင် နိုင်ငံတော်သမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပြီး နှစ်စဉ်အာဇာနည်နေ့ (ဇူလိုင် ၁၉ ရက်) ရောက်တိုင်း အဆိုပါပန်းခြံသို့ ပြည်သူများလာရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းကို စုပေါင်းအလေးပြုကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှု၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုတို့ဖြင့် အဆင့်မြှင့်တင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနှင့် ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲအခမ်းအနား ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဉီးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent