ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဝန်ကြီးချုပ် အပါအဝင် ခုနစ်ဦးအား အထွေထွေလျော်ကြေး ကျပ်သိန်းပေါင်း ၅၀၀၀၀ ရလိုမှုနှင့် တရားစွဲဆိုမှုမှာ ကာလစည်းကမ်း သတ်မှတ်ချက် ကျော်လွန်နေသဖြင့် ပလပ်ကြောင်း အမိန့်ချ

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဝန်ကြီးချုပ် အပါအဝင် ခုနစ်ဦးအား အထွေထွေလျော်ကြေး ကျပ်သိန်းပေါင်း ၅၀၀၀၀ ရလိုမှုနှင့် တရားစွဲဆိုမှုမှာ ကာလစည်းကမ်း သတ်မှတ်ချက် ကျော်လွန်နေသဖြင့် ပလပ်ကြောင်း အမိန့်ချ
Published 9 July 2020
ဖြိုးဇင် (ထားဝယ်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ခုနစ်ဦးအား ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက အထွေထွေလျော်ကြေးငွေ ကျပ်သိန်းပေါင်း ၅၀၀၀၀ ရလိုမှုဖြင့် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားမမှုဖြင့် စွဲဆိုထားမှုမှာ ကာလစည်းကမ်း သတ်မှတ်ချက် ကျော်လွန်နေသည့်အတွက် စွဲဆိုထားမှုအား ပလပ်ကြောင်း အမိန့်ချခဲ့သည်ဟု သိရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီအား တည်ဆောက်မှုလုပ်ငန်း ရပ်ဆိုင်းစေခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းရပ်ဆိုင်းခြင်း ခံရသည့် Super Local ကုမ္ပဏီက ယင်းလုပ်ငန်း ရပ်ဆိုင်းစေမှုကြောင့် ကုမ္ပဏီ၏ ဆုံးရှုံးမှုများအပေါ် အထွေထွေလျော်ကြေးငွေ ကျပ်သိန်း ၅၀၀၀၀ ရလိုမှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ အရာရှိ ခုနစ်ဦးအား တရားစွဲဆိုရန် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၌ ပြီးခဲ့သည့် မတ် ၁၂ ရက်က တရားမမှု အဆိုလွှာကို တင်ခဲ့ပြီး မတ် ၂၄ ရက်တွင် အဆိုလွှာအပေါ် တိုင်းဒေသကြီး တရားလွှတ်တော်က စိစစ်လက်ခံခဲ့ပြီးနောက် ခြောက်ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဇူလိုင် ၆ ရက်တွင် အမှုနှင့် ပတ်သက်၍ ရုံးတော်က တရားလိုနှင့် တရားပြိုင်များ၏ အဆိုလွှာ၊ အ​ချေလွှာနှင်​့ နှစ်​ဖက်​တင်​ပြခဲ့သည်​့ စာရွက်စာတမ်းများအရ ကာလစည်​းကမ်​းသတ်​ အက်ဥပ​ဒေအရ တရားစွဲဆိုနိုင်​သည်​့ အချိန်​ကာလကို​ ကျော်လွန်​​နေ​ကြောင်​း​ စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့​သော​ကြောင်​့ ယင်​းဥပ​ဒေအရ အမှုကို ပလပ်​ခဲ့ခြင်​းဖြစ်​သည်​ဟု သိရသည်​။

“၂၀၂၀ ပြည်​့နှစ်​ ဇူလိုင်​လ ၆ ရက်​​နေ့က တနင်္သာရီတိုင်​း​ဒေသကြီး တရားလွှတ်​​တော်​ ၂၀၂၀ ပြည်​့နှစ်​တရားမကြီး အမှုအမှတ်​ (၁) Super Local Engineering ​ဆောက်​လုပ်​​ရေး​ ကုမ္ပဏီလီမိတက်​ ၎င်း၏ကိုယ်​စား မန်​​နေးဂျင်​းဒါရိုက်​တာ ဦးတင်​ထွန်​းက ပြည်​​ထောင်​စုဝန်​ကြီး (ကျန်​းမာ​ရေးနှင်​့ အားကစား ဝန်​ကြီးဌာန) နှင်​့ ဝန်ကြီးချုပ်​ (တနင်္သာရီတိုင်း ​ဒေသကြီးအစိုးရအဖွဲ ့) အပါအဝင်​ ခုနစ်ဦးအ​ပေါ် အ​ထွေ​ထွေ​လျော်​​ကြေး​ငွေ ကျပ်သိန်​းငါးသောင်း ရလိုမှု စွဲဆိုမှုကို ပလပ်​​ကြောင်​း အမိန့် ချမှတ်​ခဲ့ပါတယ်​။ တရားလို Super Local ကုမ္ပဏီရဲ့ စွဲဆိုမှုဟာ ကာလစည်​းကမ်းသတ်​​ ကျော်​လွန်​​နေတဲ့အတွက်​ ပလပ်​တဲ့အမိန့်​ ချမှတ်​ခဲ့ခြင်​း ဖြစ်​ပါတယ်​။ Super Local ကုမ္ပဏီအ​နေနဲ့ ကာလစည်​းကမ်​းသတ်​ အက်​ဥပ​ဒေ ပုဒ်​မ ၁၅၆ အရ အမိန်​့ချမှတ်​တဲ့​နေ့က​နေ စပြီး​တော့ ရက်​​ပေါင်​း ၉၀ အတွင်​းမှာ ပြည်​​ထောင်​စု တရားလွှတ်​​တော်​ချုပ်​ကို အယူခံဝင်​​ရောက်​ နိုင်​ပါတယ်​” ဟု တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။

ကာလစည်းကမ်းသတ် အက်ဥပဒေ ပထမဇယား အပိုဒ် ၂၂ အရ တရားမမှုအဖြစ် စွဲဆိုမည့် တရားလိုဖြစ်သူမှာ ၎င်းနစ်နာကြောင်း စတင်သိရှိသည့်နေ့မှ တစ်နှစ်အတွင်း တရားစွဲဆိုရမည် ဖြစ်သော်လည်း လက်ရှိအမှုတွင် တရားလိုနှင့် တရားပြိုင်များဘက်က တင်ပြခဲ့သည့် စာရွက်စာတမ်းများအရ အဆိုပါ လုပ်ငန်းကိစ္စရပ်မှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သောကြောင့် လက်ရှိအချိန်တွင် အချိန်သုံးနှစ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး တရားစွဲဆိုရန် သတ်မှတ်ထားသည့် အချိန်ကာလထက် နှစ်နှစ်ခန့် ကျော်လွန်နေသည့် အနေအထား ဖြစ်နေကြောင်း သိရသည်။

တနသာင်္ရီတိုင်းဒေသကြီး တရားလွှတ်တော်က ၎င်းစွဲဆိုထားသည့်အမှုအား ပလပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံ တက်ရောက်သွားမည်ဖြစ်ပြီး အမှန်တရားကို ရှာဖွေမည် ဖြစ်ကြောင်း Super Local Engineering ​ဆောက်​လုပ်​​ရေး​ ကုမ္ပဏီလီမိတက်၏ မန်​​နေးဂျင်​း ဒါရိုက်​တာ ဦးတင်ထွန်​းက ဆိုသည်။

“ဗဟိုကို ဆက်​တက်​မှာ​ပေါ့။ အမှန်​တရားတစ်ခု​ ပေါ်ထွက်​ဖို့အတွက်​ အစအဆုံး လုပ်ရမှာ​ပေါ့။ တစ်ဆင့်ပြီး တစ်ဆင်​့​ပေါ့။ အဓိကက အမှန်​တရားရှာမယ်​” ဟု ဦးတင်ထွန်းက ထားဝယ် အခြေစိုက် မီဒီယာများကို ဖြေကြားသည်။

 

Most Read

Most Recent