သုဝဏ္ဏလမ်းဆုံတွင် YBS ၁၀ ယာဉ် ဝင်တိုက်ရာမှ ယာဉ်လေးစီး ဆင့်တိုက်မှု ဖြစ်ပွား

သုဝဏ္ဏလမ်းဆုံတွင် YBS ၁၀ ယာဉ် ဝင်တိုက်ရာမှ ယာဉ်လေးစီး ဆင့်တိုက်မှု ဖြစ်ပွား
Published 9 July 2020
သီဟအောင်

ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏလမ်းဆုံ မီးပွိုင့်အနီးတွင် YBS ၁၀ ယာဉ် နောက်ဆုံးမှ ဝင်တိုက်ရာမှ ယဉ်လေးစီးဆင့်တိုက်မှု ဇူလိုင် ၉ ရက် ညနေ ၅ နာရီခွဲကျော်က ဖြစ်ပွားခဲ့သည်။

“၅ ခွဲကျော်လောက်က ဖြစ်တာ။ YBS ၁၀ က နောက်ဆုံးက တိုက်တာ။ ရှေ့ဆုံးကကားက ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီက ကားပါ။ အလယ်က ၂ စီးက အငှားယာဉ်ပါ။ ဖြစ်တာက သုဝဏ္ဏ အားကစားကွင်း ခုံးတံတားအဆင်း သုဝဏ္ဏလမ်းဆုံမီးပွိုင့် မရောက်ခင်နားမှာ ဖြစ်တာပါ” ဟု ယာဉ်တိုက်မှုအား မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါနေရာ အနီးတစ်ဝိုက်တွင် ပုံမှန်ထက်ပိုမို လမ်းကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

 

 

Most Read

Most Recent