တင်းမာမှုများ ဖြစ်ပေါ်နေစဉ် မြောက်ကိုရီးယားက တောင်ကိုရီးယား ဆန့်ကျင်ရေး ၀ါဒဖြန့်ချိရေးစာရွက်များ ပေးပို့ရန် ကတိပြု

တင်းမာမှုများ ဖြစ်ပေါ်နေစဉ် မြောက်ကိုရီးယားက တောင်ကိုရီးယား ဆန့်ကျင်ရေး ၀ါဒဖြန့်ချိရေးစာရွက်များ ပေးပို့ရန် ကတိပြု
ဇွန် ၁၇ ရက်က တောင်မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ် ကေဆောင်စက်မှုဇုန်သို့ သွားရာ ဂရင်းယူနီဖီကေးရှင်းတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ် (Photo: Reuters)
ဇွန် ၁၇ ရက်က တောင်မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ် ကေဆောင်စက်မှုဇုန်သို့ သွားရာ ဂရင်းယူနီဖီကေးရှင်းတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ် (Photo: Reuters)
Published 21 June 2020
Ref: Reuters

ကိုရီးယားနှစ်နိုင်ငံအကြား မည်သည့် သဘောတူညီချက်များမျှ မရှိကြောင်း ပြောကြားလျက် မြောက်ကိုရီးယားသည် တောင်ကိုရီးယားဆန့်ကျင်ရေး ၀ါဒဖြန့်ချိရေး စာရွက်များ ပေးပို့ရန် လှုပ်ရှားမှုကို ရှေ့တိုးလုပ်ဆောင်မည်ဟု ကတိပြုကြောင်း ဇွန် ၂၁ ရက်တွင် မြောက်ကိုရီးယားအစိုးရမီဒီယာက ကြေညာခဲ့သည်။

မြောက်ကိုရီးယားက တောင်မြောက် နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲခဲ့ပြီး နယ်စပ်ကို ဖြတ်ကျော်လျက် မြောက်ကိုရီး ယားဆန့်ကျင်ရေးစာရွက်များ ပေးပို့နေ သည့် တောင်ကိုရီးယားမှ ဘက်ပြောင်းခို လှုံသူများကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တင်းမာမှုများ မြင့် တက်လာနေခဲ့သည်။

ဒေါသထွက်နေသည့် မြောက်ကိုရီး ယားနိုင်ငံသားများသည် ၎င်းတို့ကိုယ်ပိုင် ၀ါ ဒဖြန့်စာရွက် ပေးပို့ရေး လှုပ်ရှားမှုကြီးအ တွက် အရှိန်မြှင့်ပြင်ဆင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး နယ်စပ်ရေးရာကို ကိုင်တွယ်နေသည့် ဆိုးလ်ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ငြိမ်းချမ်းရေးသ ဘောတူညီချက်များကို ချိုးဖောက်သည်ဟု ထောက်ပြလျက် ယင်းအစီအစဉ်ကို ဖျက်သိမ်းရန် ဇွန် ၂၀ ရက်တွင် တောင်းဆိုခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးကို တာဝန်ယူထားသည့် (မြောက်ကိုရီးယား အာဏာရပါတီ၏) ညီညွတ်ရေးတပ်ဦးဌာနက ယင်းတောင်းဆိုချက်ကို အဓိပ္ပာယ် မရှိဟုဆိုကာ ပယ်ချခဲ့သည်။

“သူတို့ကိုယ်တိုင်ရဲ့ အမှားတွေကို မကြည့်ဘဲ ဝမ်းနည်းပါတယ်နဲ့ ချိုးဖောက်မှု ဆို တဲ့ စကားလုံးတွေ သုံးရဲသေးတယ်”ဟု နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြသည့် ထုတ် ပြန်ချက်တစ်စောင်၌ အဆိုပါဌာန၏ ပြော ရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

“သူတို့အနေနဲ့ ကျွန်တော်တို့ရဲ့ အနေ အထားကို နားလည်သဘောပေါက်ဖို့ ကြိုး စားတဲ့အခါ တောင်ကိုရီးယားအာဏာပိုင် တွေအနေနဲ့ ကျွန်တော်တို့က သူတို့ကို ဘယ် လောက် စက်ဆုပ်ရွံရှာသလဲဆိုတာနဲ့ ဒါဟာ ကျွန်တော်တို့ကို ဘယ်လောက်စော်ကားသ လဲဆိုတာ နည်းနည်းလောက်ပဲဖြစ်ဖြစ် သ ဘောပေါက်လာနိုင်ပါလိမ့်မယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးသဘောတူညီချက်မရဘဲ ၁၉၅၀-၅၃ စစ်ပွဲကို အဆုံးသတ်ခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံသည် သဘောတရားအရ စစ်ဖြစ်နေဆဲဟု ဆိုနိုင်ပြီး ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ရန်လိုသည့် အပြုအမူအားလုံးကို ရပ်စဲရန် သဘောတူ ထားသော်လည်း ဆယ်စုနှစ်များအတွင်း ၀ါဒဖြန့်စာရွက်များ ဖြန့်ဝေရေး လှုပ်ရှားမှုကို လုပ်ဆောင်နေခဲ့ကြသည်။

ဘက်ပြောင်းခိုလှုံသူတို့ ဦးဆောင် သည့် အုပ်စုများစွာသည် ၀ါဒဖြန့်စာရွက်များ၊ အစားအစာများ၊ တစ်ဒေါ်လာတန် ငွေစက္ကူများ၊ ရေဒီယိုငယ်များ၊ တောင်ကိုရီးယားပြဇာတ်များနှင့် သတင်းများ ပါဝင်သည့် USB Stick များကို နယ်စပ်ကို ဖြတ်ကျော် လျက် မိုးပျံပူဖောင်းများ လွှတ်ခြင်း သို့မဟုတ် မြစ်ထဲသို့ ပုလင်းများဖြင့် မျောခြင်းတို့မှ တစ် ဆင့် မြောက်ကိုရီးယားသို့ ပေးပို့ခြင်းကို ပုံမှန် လုပ်ဆောင်နေခဲ့ကြသည်။

ဇွန် ၂၁ ရက်မှာပင် အုပ်စုတစ်စုသည် ဆန်များ၊ ဆေးဝါးများနှင့် နှာခေါင်းစည်းများ ထည့်သွင်းထားသည့် ပလတ်စတစ်ပုလင်း ရာနှင့်ချီလျက်ကို နယ်စပ်အနီး ပင်လယ်ထဲ မှတစ်ဆင့် မျောချခဲ့သည်။

မြောက်ကိုရီးယားသည်လည်း မိုးပျံပူ ဖောင်းများနှင့် ဒရုန်းများကို အသုံးပြုပြီး တောင်ကိုရီးယားဆန့်ကျင်ရေး စာရွက်စာ တမ်းများကို တောင်ကိုရီးယားဘက်သို့ ပေးပို့ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent