၂၀၂၁ ခုနှစ် မတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ဘီလျံထိ ရရှိရန် ရည်မှန်းလုပ်ဆောင်နေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြောကြား

၂၀၂၁ ခုနှစ် မတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ဘီလျံထိ ရရှိရန် ရည်မှန်းလုပ်ဆောင်နေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြောကြား
COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန် ကြိုးပမ်းနေသော အင်္ဂလန်တောင်-အရှေ့ပိုင်း Burgess Hill  ၏ Stabilitech ဓာတ်ခွဲခန်းတွင် ဝန်ထမ်းတစ်ဦးကို မေ ၁၅ တွင် တွေ့ရစဉ် (Photo: AFP)
COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန် ကြိုးပမ်းနေသော အင်္ဂလန်တောင်-အရှေ့ပိုင်း Burgess Hill ၏ Stabilitech ဓာတ်ခွဲခန်းတွင် ဝန်ထမ်းတစ်ဦးကို မေ ၁၅ တွင် တွေ့ရစဉ် (Photo: AFP)
Published 19 June 2020
Ref: AFP

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အမြောက်အမြားကို ယခုနှစ်မကုန်မီ ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားပြီး  ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်း အနည်းဆုံးသူများအား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့  World Health Organization  (WHO) က ဇွန် ၁၈ တွင် ပြောကြားခဲ့သည်။

ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီး များက ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုး ပမ်းနေချိန်တွင် ၂၀၂၁ ခုနှစ်မကုန်မီ ကာကွယ်ဆေးအလုံး နှစ်ဘီလျံ ရရှိရန် ရည်မှန်း ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ ကျန်း မာရေးအေဂျင်စီ WHO က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေး ၂၀၀ ကျော်စမ်းသပ်နေပြီး လူနှင့်စမ်းသပ်သည့်အဆင့်သို့ ရာက်နေသည့် ကာကွယ်ဆေး ၁၀ မျိုးရှိကြောင်း  WHO ၏ ဦးဆောင် သိပ္ပံပညာရှင် ဆိုမြာဆွာမီနာထန်က ပြော ကြားခဲ့သည်။

“ကျွန်မတို့ ကံကောင်းမယ်ဆိုရင် ဒီနှစ် မကုန်ခင် ‌ကာကွယ်ဆေး တစ်မျိုး နှစ်မျိုးကို အောင်မြင်စွာထုတ်လုပ်နိုင်မှာပါ” ဟု အွန်လိုင်းသတင်းစာရှင်းပွဲတွင် ဆွာမီနာထန်က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမ အသုတ်ကို အဓိကလိုအပ်နေသော  အစု အဖွဲ့သုံးခုကို  ဆွာမီနာထန်က  ခွဲခြားသတ် မှတ်ပြခဲ့သည်။

ဗိုင်းရပ်စ်နှင့်ထိတွေ့နိုင်ခြေမြင့်မား သော ရှေ့တန်းလုပ်သားများဖြစ်သည့် ရဲ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီး ရွယ်အိုများနှင့် ဆီးချိုဝေဒနာရှိသော ကိုရို နာ ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်း အနည်းဆုံးသူ များ၊ သက်ကြီးဂေဟာများနှင့် မြို့ပြဆင်းရဲ သား ရပ်ကွက်များတွင် နေထိုင်သူများကဲ့သို့ ကူးစက်နိုင်ခြေမြင့်သည့် အခြေအနေ‌တွင် နေထိုင်သူများသည် ကာကွယ်ဆေးကို အဓိကလိုအပ်သူများဟု  WHO ကသတ်မှတ် ပြခဲ့သည်။

“ခုခံနိုင်စွမ်း အနည်းဆုံးသူတွေနဲ့ စတင်ရပါမယ်။ ပြီးတော့ ပိုတိုးတက်လာပြီး လူတွေကို  ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ဆောင်ရွက်ရပါမယ်” ဟု ဆွာမီနာထန်က ပြောကြားခဲ့သည်။

ကာကွယ်ဆေးအတွက် ရင်းနှီးမြှုပ်နှံမှုများကြောင့် ၂၀၂၁ ခုနှစ် မကုန်မီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ဘီလျံ ရရှိခဲ့ပါက ဦးစားပေးအုပ်စုများကို ကာကွယ်ဆေးထိုး ပေးနိုင်မည်ဟု ဆွာမီနာထန်က  ခွဲခြားသတ် မှတ်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ အနက် တစ်ခုကို ၂၀၂၁ ခုနှစ်မတိုင်မီ စတင် ဖြန့်ဖြူးနိုင်ဖွယ်ရှိကြောင်း ဆေးဝါးထုတ်လုပ် ရေးကုမ္ပဏီအမှုဆောင်အရာရှိများက ပြောကြားခဲ့သည်။

သို့သော်လည်း ဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်ရန်အတွက် ကာကွယ်ဆေး ၁၅ ဘီလျံခန့်လို အပ်နိုင်ကြောင်း ၎င်းတို့က သတိပေးခဲ့သည်။

WHO သည် ဆေးရုံတက်ကုသနေ သော COVID-19 လူနာများကို ကုသရန် hydroxychloroquine ကို စမ်းသပ်သုံးစွဲမှု အား ရပ်တန့်ရန် ဇွန် ၁၇  က ဆုံးဖြတ်ခဲ့သည်။

WHO ၏ လေ့လာမှုများနှင့်အခြား လေ့လာမှုများအရ hydroxychloroquineသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင် ခြေကို လျှော့ချနိုင်ခြင်း မရှိကြောင်း အ ထောက်အထားတွေ့ရှိခဲ့ပြီးနောက် ထိုဆေး စမ်းသပ်သုံးစွဲမှုကို ရပ်တန့်ရန်  WHO က ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်သည်။   

ငှက်ဖျားနှင့်အဆစ်ရောင်နာတို့ကို ကုသရာတွင်  ဆယ်စုနှစ်ချီ သုံးစွဲလာခဲ့သော ထိုဆေးသည် နိုင်ငံရေးနှင့်သိပ္ပံဆိုင်ရာ အငြင်းပွားမှုများအတွက် ‌ဗဟိုချက်ဖြစ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရရှိရန် ကြိုးပမ်းမှု အရှိန်မြင့်တက်နေစဉ် မှာပင် ချမ်းသာသော နိုင်ငံများက ၎င်းတို့ နိုင်ငံသားများအတွက် ကာကွယ်ဆေးဦးဆုံး ရရှိရန် ကြိုးပမ်းနေကြသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံ များအတွက် ကပ်ဘေးမပြီးဆုံးမီ ကာကွယ် ဆေး ရ၊ မရ မရေမရာဖြစ်နေသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူ တိုင်းလက်လှမ်းမီနိုင်ရေးသည် ကျင့်ဝတ် ပိုင်းအရ အရေးကြီးကြောင်း ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကယခု လအစောပိုင်းတွင် ပြောကြားခဲ့သည်။

အောက်စဖို့တက္ကသိုလ်က သုတေသန ပြုပြီး Astra Zeneca က ထုတ်လုပ်မည့် ကာ ကွယ်ဆေးအပါအဝင် အလားအလာရှိသော ကာကွယ်ဆေးများအတွက် အမေရိကန်နှင့် ဗြိတိန်တို့သည် ဒေါ်လာသန်း ပေါင်းများစွာ သုံးစွဲထားသည်။ အပြန်အလှန်အနေနှင့် ထိုနှစ်နိုင်ငံစလုံးသည် ဦးစားပေးကုသမှုကို ရရှိရန် မျှော်မှန်းထားသည်။

အောက်စဖို့က ထုတ်လုပ်သော ကာ ကွယ်ဆေးသည် ထိရောက်မှုရှိကြောင်း သေ ချာပါက  ထိုကာကွယ်ဆေး၏ပထမဆုံးအ သုတ် အလုံးသန်း ၃၀ ကို  ဗြိတိန်အတွက် ရရှိ မည်ဟု ‌‌ဗြိတိန်အစိုးရက ကြေညာထားသည်။

အမေရိကန်အတွက် ကာကွယ်ဆေး သန်း ၃၀၀ ထက်မနည်းကို အောက်တိုဘာ အစောဆုံးပေးနိုင်ရန် သီးခြားသဘောတူညီချက်ကို Astra Zeneca က လက်မှတ် ရေးထိုး ထားသည်။                                

 

Most Read

Most Recent