ဂျော်ဂျင်ဟိုနှင့် ဘာနာဒက်ခီကို အလဲအထပ်ပြုလုပ်ရန် ဂျူဗင်တပ်စ်အသင်း ကမ်းလှမ်း

ဂျော်ဂျင်ဟိုနှင့် ဘာနာဒက်ခီကို အလဲအထပ်ပြုလုပ်ရန် ဂျူဗင်တပ်စ်အသင်း ကမ်းလှမ်း
Photo ; worldsportstale.com
Photo ; worldsportstale.com
Published 2 June 2020

ဂျူဗင်တပ်စ်အသင်းသည် ချယ်လ်ဆီးအသင်းမှ အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို ခေါ်ယူရန် ကြိုးပမ်းနေပြီး ဘာနာဒက်ခီနှင့် အလဲအထပ်ပြုလုပ်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။

ဂျူဗင်တပ်စ်နည်းပြ ဆာရီသည် နာပိုလီနှင့် ချယ်လ်ဆီးတို့၌ လက်တွဲခဲ့ဖူးသည့် ဂျော်ဂျင်ဟိုနှင့် ထပ်မံလက်တွဲရန် ဆန္ဒရှိနေသည့်အတွက် ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျော်ဂျင်ဟို၏အေးဂျင့် ယာအိုဆန်းတို့စ်ကလည်း ''ဂျူဗင်တပ်စ်အသင်းက ဂျော်ဂျင်ဟိုကို ခေါ်ချင်လား၊ မခေါ်ချင်လားဆိုတာ ကျွန်တော် မသိသေးပါဘူး။ ဂျော်ဂျင်ဟိုကလည်း ချယ်လ်ဆီးအသင်းမှာ စာချုပ်သက်တမ်း (၃)နှစ်ကျန်ပါသေးတယ်။ ဒါပေမဲ့ အီတလီရဲ့ ထိပ်သီးအသင်းတစ်သင်းက ကမ်းလှမ်းလာမယ်ဆိုရင် အပြောင်းအရွှေ့က ဘာကြောင့်မဖြစ်နိုင်ရမှာလဲ''ဟု ပြောကြားခဲ့သည်။

ဂျော်ဂျင်ဟိုသည် ဆာရီနှင့် နာပိုလီအသင်းတွင် ၂၀၁၅ ခုနှစ်က စတင်လက်တွဲခဲ့ပြီး ၂၀၁၈ ခုနှစ်က ချယ်လ်ဆီးအသင်းကို ဆာရီ စတင်ကိုင်တွယ်စဉ် သူ့ကို ပြောင်းရွှေ့ကြေး ပေါင်(၅၇)သန်းဖြင့် ချက်ချင်းခေါ်ယူခဲ့သည်။

 

၎င်းအနေဖြင့် ပရီးမီးယားလိဂ်တွင် ပထမဆုံးရာသီ၌ ရုန်းကန်ခဲ့ရသော်လည်း ယခုရာသီတွင်အထိုင်ကျကာ ချယ်လ်ဆီးအသင်းအတွက် (၃၇)ပွဲကစားထားပြီး (၇)ဂိုးသွင်းကာ

(၂)ဂိုး ဖန်တီးပေးခဲ့သည်။

ဘာနာဒက်ခီမှာမူ ၂၀၁၇ ခုနှစ်က ဖီအိုရင်တီးနားအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)ဖြင့် ရောက်ရှိလာသော်လည်း အသင်းတွင်အထိုင်ကျရန်

ရုန်းကန်နေရလျက်ရှိသည်။

ယခုရာသီတွင်လည်း Line-upဝင်မှု (၁၁)ပွဲသာရှိခဲ့ပြီး အသင်းအတွက် (၁)ဂိုးသွင်းယူကာ (၁)ဂိုးသာ ဖန်တီးပေးနိုင်ခဲ့သည်။

Most Read

Most Recent