မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ၂၀၂၀ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ဖက်ဒါရာ ရပ်တည်

မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ၂၀၂၀ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ဖက်ဒါရာ ရပ်တည်
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 29 May 2020

ဆွစ်ဇာလန်ဝါရင့်တင်းနစ်သမား ဖက်ဒါရာသည် အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbes မှထုတ်ပြန်သည့် ၂၀၂၀ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ကမ္ဘာကျော်ဘောလုံးသမားများဖြစ်သည့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ကာ နံပါတ် (၁) နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က အဆင့် (၅)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည့် ဖက်ဒါရာသည် ယခုနှစ်အတွင်း အခွန်မဆောင်မီ စုစုပေါင်း ဝင်ငွေ ဒေါ်လာ (၁၀၆.၃)သန်းအထိ ရရှိခဲ့ပြီး နံပါတ် (၁) နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ အသက် (၃၈)နှစ်အရွယ်ရှိ ဂရင်းစလင်းချန်ပီယံဆု အကြိမ် (၂၀)အထိ ရရှိထားသည့် ဖက်ဒါရာသည် ဆုကြေး ဒေါ်လာ (၆.၃)သန်း ရရှိသော်လည်း စပွန်ဆာစာချုပ်များမှာ ဒေါ်လာသန်း (၁၀၀) အထိ ရရှိခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် ဖက်ဒါရာသည် Forbes မှ ထုတ်ပြန်သည့် ၂၀၂၀ ဝင်ငွေအကောင်းဆုံးအားကစားစာရင်းတွင် ကမ္ဘာကျော်ဘောလုံးသမားများဖြစ်သည့် စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)နှင့် မက်ဆီ (ဘာစီလိုနာ)တို့ကို ကျော်ကာ နံပါတ် (၁) နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဒုတိယနေရာတွင် ဂျူဗင်တပ်စ်အသင်းမှ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ဒေါ်လာ (၁၀၅)သန်းဖြင့် ရပ်တည်နေပြီး ပြီးခဲ့သည့်နှစ်က အဆင့် (၁)နေရာ၌ ရပ်တည်ခဲ့သည့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကမူ ဒေါ်လာ (၁၀၄) သန်းဖြင့် တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ 

ထိပ်ဆုံး (၁၀)ဦးစာရင်းတွင် ဘောလုံးနှင့် ဘက်စကတ်ဘောအားကစားနည်းတို့မှာ (၃)ဦးစီဖြင့် အများဆုံး ပါဝင်ခဲ့ပြီး NFL မှ (၂)ဦး၊ တင်းနစ်နှင့် ဂေါ့ဖ်တို့မှ (၁)ဦး ပါဝင်ခဲ့သည်။ 

■ Forbes မှ ထုတ်ပြန်သည့် ၂၀၂၀ ဝင်ငွေအကောင်းဆုံးကစားသမား (၁၀)ဦး

ဖက်ဒါရာ (တင်းနစ်) - ဒေါ်လာ (၁၀၆.၅) သန်း

စီရော်နယ်လ်ဒို (ဘောလုံး) - ဒေါ်လာ (၁၀၅) သန်း

မက်ဆီ (ဘောလုံး) - ဒေါ်လာ (၁၀၄) သန်း

နေမာ (ဘောလုံး) - ဒေါ်လာ (၉၅.၅) သန်း

လီဘရွန်ဂျိမ်းစ် (ဘက်စကတ်ဘော) - ဒေါ်လာ (၈၈.၂) သန်း

စတီဖင်ကာရီ (ဘက်စကတ်ဘော) - ဒေါ်လာ (၇၄.၄) သန်း

ကီဗင်ဒူးရန့် (ဘက်စကတ်ဘော) - ဒေါ်လာ (၆၃.၉) သန်း

တိုက်ဂါးဝုဒ် (ဂေါ့ဖ်) - ဒေါ်လာ (၆၂.၃) သန်း

ကတ်ကူဆင် (NFL) - ဒေါ်လာ (၆၀.၅) သန်း

ကာဆင်ဝန့်ဇ် (NFL) - ဒေါ်လာ (၅၉.၁) သန်း

Most Read

Most Recent