၂၀၀၆-၀၇ ရာသီမှ စတင်တွက်ချက်သည့် ဥရောပထိပ်တန်းလိဂ် (၅)လိဂ်(ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါ၊ ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါ) ၏ အခွင့်အရေးဖန်တီးနိုင်မှု (Chance Created) အများဆုံး ကစားသမားစာ ရင်းတွင် အာဆင်နယ်ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်က အကြိမ်အရေအတွက်အများဆုံးဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။
ရှော်လ်ကေး၊ ၀ါဒါဘရီမင်၊ ရီးယဲလ်မက်ဒရစ်အသင်းများတွင် ကစားခဲ့သည့် အိုဇေးလ်မှာ ထိပ်တန်းလိဂ် (၅)လိဂ်တွင် အခွင့်အရေးဖန်တီးနိုင်မှု အကြိမ်အရေအတွက် (၁၀၃၃) ကြိမ်ဖြင့် အများဆုံးဖြစ်နေသည်။ ဒုတိယနေရာတွင်မူ ဝက်စ်ဟမ်းကစားသမားဟောင်း ပါယက်က အိုဇေးလ်ထက် (၁၇) ကြိမ် လျော့နည်းပြီး အံ့အားသင့်ဖွယ် ရပ်တည်နေခြင်းဖြစ်သည်။
လက်ရှိရာသီတွင် ချယ်လ်ဆီးအသင်း၌ ပုံမှန်နေရာရရန် ရုန်းကန်နေရသည့် စပိန်ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်က တတိယနေရာတွင် ရှိနေကြောင်း သိရသည်။ (၂၁) ရာစု၏ ကမ္ဘာ့အကောင်းဆုံးဘောလုံးသ မားများအဖြစ် ခြွင်းချက်မရှိ သတ်မှတ်ခြင်းခံထားရသူ စီရော်နယ်လ်ဒို၊ မက်ဆီတို့မှာမူ ထိပ်ဆုံး (၁၀) ဦးစာရင်းတွင် ပါဝင်နေသော်လည်း မက်ဆီက အဆင့် (၅)နှင့် စီရော်နယ်လ်ဒိုက အဆင့် (၁၀) နေရာများတွင်သာ ရှိနေခြင်း ဖြစ်သည်။ ယခုစာရင်းတွင် စပိန်ကစားသမား (၃)ဦးအထိ ပါဝင်နေကာ အများဆုံးဖြစ်ပြီး ကျန် (၇) ဦးမှာမူ တစ်နိုင်ငံစီမှ ကစားသမားများဖြစ်ကြောင်း သိရသည်။















