မန်ယူပရိသတ်တစ်ဦးအနေဖြင့် နာကျင်ရသော်လည်း လီဗာပူးလ်အသင်းမှာ အလွန်ကောင်းကြောင်း ရိုင်ယန်ဂစ် ချီးကျူး

မန်ယူပရိသတ်တစ်ဦးအနေဖြင့် နာကျင်ရသော်လည်း လီဗာပူးလ်အသင်းမှာ အလွန်ကောင်းကြောင်း ရိုင်ယန်ဂစ် ချီးကျူး
Photos: PA & Getty Images
Photos: PA & Getty Images
Published 29 May 2020

ဝေးလ်စ်လက်ရွေးစင်အသင်းနည်းပြ ရိုင်ယန်ဂစ်က မန်ယူပရိသတ်တစ်ဦးအနေဖြင့် နာကျင်ရသော်လည်း မန်ယူအသင်း၏မဟာပြိုင်ဘက် လီဗာပူးလ်အသင်းမှာ ယခုရာသီတွင် အလွန်ကောင်းကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

ဝေးလ်စ်လက်ရွေးစင်အသင်းနည်းပြ ရိုင်ယန်ဂစ်က မန်ယူပရိသတ်တစ်ဦးအနေဖြင့် နာကျင်ရသော်လည်း မန်ယူအသင်း၏မဟာပြိုင်ဘက် လီဗာပူးလ်အသင်းမှာ ယခုရာသီတွင် အလွန်ကောင်းကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

အသက် (၄၆)နှစ်အရွယ်ရှိ ရိုင်ယန်ဂစ်သည် လီဗာပူးလ်အသင်း၏ အင်္ဂလန်ဒါဘီပြိုင်ဘက်ဖြစ်သည့် မန်ယူအသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ အစပြုချိန်မှ အနားယူချိန်အထိ (၂၄)နှစ်ကြာ ကစားခဲ့သူဖြစ်သည်။ 

သို့သော် ရိုင်ယန်ဂစ်က ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိရန် သေချာသလောက်ဖြစ်နေပြီဖြစ်သည့် လီဗာပူးလ်အသင်း၏ ခြေစွမ်းကို ချီးကျူးခဲ့ခြင်းဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၈၂)မှတ်ဖြင့် အဆင့် (၁)နေရာတွင် ရပ်တည်နေပြီး ဒုတိယနေရာမှ မန်စီးတီးအသင်း (၅၇ မှတ်)ကို (၂၅)မှတ်အထိ ဖြတ်ထားကာ (၂)ပွဲနိုင်ရုံဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။ 

ရိုင်ယန်ဂစ်က "ဒီရာသီမှာ ထိပ်တန်းနည်းပြ ယာဂန်ကလော့ပ်ရဲ့ ဦးဆောင်မှုနဲ့ လီဗာပူးလ်အသင်းကို အရမ်းကောင်းတဲ့ အသင်းတစ်သင်းအဖြစ် ကျွန်တော်တို့ မြင်တွေ့ခဲ့တယ်လို့ ထင်ပါတယ်။ ဒါမျိုးပြောရတာ မန်ယူပရိသတ်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက် နာကျင်ရပါတယ်။ ဒါပေမဲ့ လီဗာပူးလ်ဟာ ဒီရာသီမှာ အကောင်းဆုံးအသင်းပါပဲ။ ဒီရာသီမှာ သူတို့ စွမ်းဆောင်ပြခဲ့တာတွေက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ထိုက်တန်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ ကတည်းက အတော်လေးကောင်းခဲ့ပြီး မန်စီးတီးအသင်းက ရာသီကုန်ခါနီးမှာ သူတို့ကို ကျော်တက်ခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ အရမ်းကိုစောင့်ကြည့်ချင်စရာ ကောင်းတဲ့အသင်းပါပဲ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ရိုင်ယန်ဂစ်က မိမိအနေဖြင့် ယာဂန်ကလော့ပ်၏ လီဗာပူးလ်အသင်း စွမ်းဆောင်မှုများနှင့် နည်းစနစ်များကို အတုယူကာ ဝေးလ်စ်လက်ရွေးစင်အသင်းတွင် အသုံးချသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent