COVID-19 Case-146 ၏ ဆူရှီဆိုင်သို့ ဝင်ထွက်ခဲ့သည့် Delivery ဝန်ထမ်း ၁၇ ဦးအား ၎င်းတို့၏ နေအိမ်များတွင် Home Quarantine ပြုလုပ်ထား

COVID-19 Case-146 ၏ ဆူရှီဆိုင်သို့ ဝင်ထွက်ခဲ့သည့် Delivery ဝန်ထမ်း ၁၇ ဦးအား ၎င်းတို့၏ နေအိမ်များတွင် Home Quarantine ပြုလုပ်ထား
ရန်ကုန်တိုုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပါရမီလမ်းပေါ်ရှိ COVID-19 ရောဂါပိုး တွေ့ရှိသူ Case-146 ဖွင့်လှစ်ခဲ့သည့် "O Sushi Japanese Cuisine" ဆိုင်ကိုတွေ့ရစဉ်
ရန်ကုန်တိုုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပါရမီလမ်းပေါ်ရှိ COVID-19 ရောဂါပိုး တွေ့ရှိသူ Case-146 ဖွင့်လှစ်ခဲ့သည့် "O Sushi Japanese Cuisine" ဆိုင်ကိုတွေ့ရစဉ်
Published 29 April 2020
  မျိုးထက်ပိုင်၊ သိင်္ဂီဝင်းထွန်း

COVID-19 ရောဂါပိုးတွေ့ရှိသူ Case-146 ၏ ဆူရှီဆိုင်သို့ ဝင်ထွက်ခဲ့သည့် Delivery ဝန်ထမ်း ၁၇ ဦးအား ၎င်းတို့၏ နေအိမ်များတွင် Home Quarantine ပြုလုပ်ထားကြောင်း ဧပြီ ၂၉ ရက်တွင် စုံစမ်းသိရှိရသည်။

ရန်ကုန်တိုုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပါရမီလမ်းပေါ်ရှိ COVID-19 ရောဂါပိုး တွေ့ရှိသူ Case-146 ဖွင့်လှစ်ထားသည့် "O Sushi Japanese Cuisine" ဆိုင်သို့ ဝင်ထွက်ခဲ့သည့် Delivery ဝန်ထမ်း ၁၇ ဦးအား ဧပြီ ၂၆ ရက်မှစ၍ ၎င်းတို့၏ နေအိမ်များတွင် Home Quarantine ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ  Delivery ဝန်ထမ်းများမှာ Food Panda ကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ပြီး ကုမ္ပဏီ၏ အစီအစဉ်ဖြင့် Home Quarantine ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ Quarantine ဝင်နေသည့် ဝန်ထမ်းအများစုမှာ လှိုင်မြို့နယ်အတွင်း နေထိုင်သူများ ဖြစ်ကြောင်း လှိုင်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၏ ပြောကြားချက်အရ သိရသည်။

“Food Panda နဲ့ ပတ်သက်တာတော့ ကျွန်မသိပ်မသိဘူး။ ကျွန်မသိတာကတော့ သူ့မှာရှိတဲ့ အလုပ်သမားတွေကို Quarantine ပို့တာ ဘာတို့တော့ ကျွန်မကိုယ်တိုင်လုပ်ခဲ့တော့ ကျွန်မသိတယ်။ Food Panda နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ ကျွန်မ မသိဘူး။အဲဒီမှာ Food Panda Delivery တွေ ဝင်နေတာတော့ ရှိတယ်။ အဲဒီလူတွေက လှိုင်မှာရှိတယ်လို့ ပြောထားတယ်။ ကျွန်မက အခုလှိုင်မှာရှိနေတဲ့  Food Panda သမားတွေရဲ့ စာရင်းကို သိချင်တယ်။ အဲဒါကို သက်ဆိုင်ရာကနေ ကျွန်မလှမ်းမေးထားတယ်” ဟု လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောကြားသည်။

လှိုင်မြို့နယ်အတွင်း Home Quarantine ထားရှိသည့် Delivery ဝန်ထမ်းများ၏ စာရင်းကို သက်ဆိုင်ရာမှ တောင်းခံထားကြောင်း၊ Food Panda အနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျန်းမာရေးဝန်ကြီးဌာနကို အသိပေး အကြောင်းကြားမှသာ လိုအပ်သည့်အကူအညီများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်နိုင်မည် ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောကြားသည်။

“အဲဒီဆိုင်ကို အဝင်အထွက် ရှိတဲ့သူတွေကိုပဲ  Quarantine လုပ်ထားပါတယ်။ အားလုံးပေါင်း ၁၇ ယောက်လို့ ပြောပါတယ်။ Quarantine ဝင်ပြီး နားထားရတဲ့ ဝန်ထမ်းတွေကိုလည်း အိမ်မှာနေရင်း တစ်နေ့ တစ်သောင်း ကုမ္ပဏီက ပေးထားပါတယ်”ဟု Food Panda မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent