ဆေးသုတေသနဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် COVID-19 ဓာတ်ခွဲနမူနာများ စတင်စစ်ဆေးနေပြီး ဧပြီ ၂၃ ရက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနနှင့် ဆေးသုတေသနဓာတ်ခွဲဌာန နှစ်ခုပေါင်းစစ်ဆေးမှု ၃၂၉ ခုရှိခဲ့

ဆေးသုတေသနဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် COVID-19 ဓာတ်ခွဲနမူနာများ စတင်စစ်ဆေးနေပြီး ဧပြီ ၂၃ ရက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနနှင့် ဆေးသုတေသနဓာတ်ခွဲဌာန နှစ်ခုပေါင်းစစ်ဆေးမှု ၃၂၉ ခုရှိခဲ့
COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးမှုများပြုလုပ်လျက်ရှိသော ဆေးသုတေသနဦးစီးဌာနဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးမှုများပြုလုပ်လျက်ရှိသော ဆေးသုတေသနဦးစီးဌာနဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
Published 24 April 2020
အိသဥ္ဇာကျော်

ဆေးသုတေသနဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် COVID-19  ဓာတ်ခွဲနမူနာများ စတင်စစ်ဆေးနေပြီး ဧပြီ ၂၃ရက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဆေးသုတေသနရှိ ဓာတ်ခွဲဌာန နှစ်ခုပေါင်း စစ်ဆေးမှု ၃၂၉ ခု ရှိခဲ့ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးခဲ့မှုအခြေအနေအရ ဧပြီ ၂၃ရက် တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန နှင့် ဆေးသုတေသနရှိ ဓာတ်ခွဲဌာန နှစ်ခုပေါင်း စစ်ဆေးမှု ၃၂၉ ခု ရှိခဲ့ရာ ယင်းတို့အနက် COVID-19 တွေ့ရှိ ဓာတ်ခွဲအတည်ပြုလူနာအသစ် ၁၂ဦးနှင့် COVID-19 မတွေ့ရှိသူ ၃၁ရဦးရှိကြောင်း သိရသည်။

ဧပြီ ၂၄ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ငါးဦး နှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကိုးဦးရှိကြောင်းသိရသည်။

လက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ရှိ ကမ္ဘာတဝှမ်းအသုံးပြု လျက်ရှိသော Polymerase Chain Reaction (PCR)  နည်းပညာဖြင့် နေ့စဉ်ပိတ်ရက်မရှိ စစ်ဆေးလျက်ရှိပြီး နေ့စဉ်ဓာတ်ခွဲနမူနာ ၂ဝဝမှ ၃ဝဝခန့်အထိ စစ်ဆေးပေးလျက်ရှိသည်ဟု သိရသည်။

တိုင်းဒေသကြီး ပြည်နယ်များရှိ ဆေးရုံအသီးသီးမှ စောင့်ကြည့်လူနာနှင့်သံသယလူနာအဖြစ် သတ်မှတ်သော လူနာများ၏ နှာခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ်နမူနာများကို တာဝန်ကျကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမှ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံ PPE အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ အတိုင်း စနစ်တကျရယူကြောင်း နှင့် ၎င်းဓာတ်ခွဲနမူနာများကို Viral Transport Media (VTM) ဖြင့်ထည့်ကာ စံလုပ်ထုံးလုပ်နည်းများအတိုင်း သေချာစွာ ထုပ်ပိုးပြီး Laborarory Request Form နှင့်တကွ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပို့ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

Polymerase Chain Reaction (PCR) သည် ဓာတ်ခွဲနမူနာတွင် ပါဝင်သော Deoxyribonucleic acid (DNA) ကို အဆများစွာပွား၍ ဓာတ်ခွဲနမူနာ၏ DNA နှင့် သက်ဆိုင်ရာဗိုင်းရပ်စ်ပိုး၏ DNA တို့ ကိုက်ညီမှုရှိမရှိ စစ်ဆေးသော ဓာတ်ခွဲစမ်းသပ်စစ်ဆေးနည်းဖြစ်သည်။ PCR စစ်ဆေးသည့်အဆင့်တွင် ဓာတ်ခွဲနမူနာ၏ RNA ကို DNA သို့ ပြောင်းလဲခြင်း (Reverse Transcription) ၊ ပြောင်းလဲပြီးသော DNA ကို double stranded မှ single stranded သို့ပြောင်းလဲခြင်း (Denaturing stage)၊ single stranded DNA  များကို  primer  ဖြင့် ပေါင်းခြင်း (Annealing stage)၊primer  ပေါင်းပြီးသော single stranded DNA များကို Polymerase ကို အသုံးပြု၍ nucleotide များ ပေါင်းစပ်ကာ Double Stranded DNA ဖြစ်အောင်ဆောင်ရွက်ခြင်း စသည်တို့ကို ၄၅ကြိမ်အထိ ပြုလုပ်ကြောင်း၊ DNA copies များ Billion copies အထိ တိုးပွားအောင် ဆောင်ရွက်နိုင်ကြောင်း နှင့် သက်ဆိုင်ရာ PCR  စက်အမျိုးအစားပေါ်မူတည်၍ သုံးနာရီခန့်အထိ ကြာမြင့်သည်ဟုလည်း သိရသည်။

PCR နည်းပညာဖြင့် အဆများစွာ ပွားပြီးသောဓာတ်ခွဲနမူနာ၏ DNA ကို COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့် တူညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးကြောင်း၊ သံသယလူနာ ၏ ဓာတ်ခွဲနမူနာ DNA သည် COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့် တူညီမှုရှိပါက COVID-19 ရောဂါပိုးရှိသည်ဟု သတ်မှတ်ကြောင်း နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေး ရာတွင် Positive control နှင့် Negative control တို့ ကောင်းမွန်စွာ အဖြေမှန်ကန်မှသာ စစ်ဆေးချက်အဖြေကို အတည်ပြုသတ်မှတ်နိုင်သည်ဟု အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ သိရသည်။                            

 

 

Most Read

Most Recent