အက်သလက်တီကိုပရိသတ်(၃၀၀၀)ကို အန်ဖီးလ်ကွင်းသို့ သွားရောက်ခွင့်ပြုခဲ့ခြင်းမှာ အမှားတစ်ခုဟု မက်ဒရစ်မြို့တော်ဝန် ဝန်ခံ

အက်သလက်တီကိုပရိသတ်(၃၀၀၀)ကို အန်ဖီးလ်ကွင်းသို့ သွားရောက်ခွင့်ပြုခဲ့ခြင်းမှာ အမှားတစ်ခုဟု မက်ဒရစ်မြို့တော်ဝန် ဝန်ခံ
Published 21 April 2020

မတ်လ(၁၁)ရက်တွင် အန်ဖီးလ်ကွင်း၌ ကစားခဲ့သော လီဗာပူးလ်-အက်သလက်တီကို ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်သို့ ပရိသတ်(၃၀၀၀) သွားရောက် ခွင့်ပြုခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခုဟု မက်ဒရစ် မြို့တော်ဝန် ဟိုဆေးလူးဝစ်မာတီနက်ဇ်အယ်လ် မေးဒါးက ပြောကြားခဲ့သည်။

 

ယင်းကာလက အက်သလက်တီကိုပရိ သတ်များကို ခရီးသွားလာခွင့်ပြုခဲ့မှုအတွက် မေးခွန်းထုတ်မှုများရှိလာချိန်တွင် အယ်လ်မေးဒါး က ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

ယင်းပွဲမတိုင်မီတစ်ရက်က လာလီဂါပွဲများကို ကွင်းပိတ်ကစားသွား မည်ဟု တရားဝင်ကြေညာချက် ထုတ်ပြန်ထား ခြင်းဖြစ်သည်။

''အဲဒီအချိန်မှာ အန်ဖီးလ်ကို အက်သလက်တီကိုပရိသတ်(၃၀၀၀)လောက် သွားတာဟာ ဘယ်လိုမှယုတ္တိရှိတဲ့ကိစ္စ မဟုတ် ပါဘူး။ ဒါဟာ အမှားတစ်ခုပါ။ တကယ်တော့ လွန်ပြီးမှသိလာတဲ့ အသိတရားနဲ့ အတိတ်ကို ပြန်သွားရင် အဲဒီအချိန်မှာ ပိုလို့တောင်သတိ ထားရမယ်လို့ ကျွန်တော် တွေးမိပါတယ်။ ပွဲမ တိုင်မီတစ်ရက်မှာ ဒေသတွင်းအစိုးရနဲ့ မက်ဒ ရစ်ကောင်စီတို့ဟာ လူစုလူဝေးလျှော့ချဖို့ အရေး ပါတဲ့စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့တာပါ''ဟု မြို့တော်ဝန်က Onda Cero ရေဒီယိုသို့ ပြော ကြားခဲ့သည်။

ယခုလအစောပိုင်းကလည်း လီ ဗာပူးလ်ကောင်စီ၏ပြည်သူ့ကျန်းမာရေးဒါရိုက် တာဖြစ်သူ မက်သယူးအက်ရှ်တန်က မြို့တော် အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရမှုများ မြင့်တက်လာခြင်းမှာ ယင်းပွဲကို ကျင်းပခွင့်ပြုခြင်းက သက်ရောက်မှုများရှိကြောင်း ထောက်ပြခဲ့သည်။

မတ်လ(၂၀)ရက်အထိ လီဗာပူးလ်မြို့အတွင်း ဗိုင်း ရပ်စ်ကူးစက်ခံရသူအရေအတွက်မှာ (၁၄)ဦး သာရှိခဲ့ပြီး နှစ်ပတ်မပြည့်မီမှာပင် (၃၀၉)ဦးအ ထိ တစ်ဟုန်ထိုးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်းက အချိန်ပိုကစားကာ (၃-၂)ဂိုးဖြင့်အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်သွားသည့်ယင်းပွဲသို့ ပရိသတ်(၅၄၀၀၀) ဦး လာရောက်ကြည့်ရှုခဲ့သည်။

Most Read

Most Recent