ကွင်းဝင်ကြေးပေါင်သန်း(၂၀)ကျော် နစ်နာဆုံးရှုံးဖွယ်ရှိသော်လည်း ကစားသမားများကို လစာလျှော့ယူရန် မန်ယူအသင်းတောင်းဆိုမည်မဟုတ်

ကွင်းဝင်ကြေးပေါင်သန်း(၂၀)ကျော် နစ်နာဆုံးရှုံးဖွယ်ရှိသော်လည်း ကစားသမားများကို လစာလျှော့ယူရန် မန်ယူအသင်းတောင်းဆိုမည်မဟုတ်
Published 20 April 2020

 

မန်ယူအသင်းသည် ၎င်းတို့၏ကစားသမားများကို လစာ ငွေလျှော့ယူရန် (သို့မဟုတ်) ရွှေ့ဆိုင်းရယူရန် တောင်းဆို မှုပြုလုပ်မည်မဟုတ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လက်ကျန် ပွဲစဉ်များကို ကွင်းပိတ်ကစားမည်ဆိုပါက မန်ယူအသင်း နစ် နာဆုံးရှုံးမည့်ကွင်းဝင်ကြေးစုစုပေါင်းမှာ အနည်းဆုံးပေါင် (၂၁.၃)သန်းရှိနိုင်ကြောင်း သိရှိရသည်။ 

ယင်းကဲ့သို့ နစ်နာဆုံးရှုံးမှုများရှိနေသော်လည်း မန်ယူ အသင်းတာဝန်ရှိသူများက ၎င်းတို့ကစားသမားများကို လစာ လျှော့ယူရန် (သို့မဟုတ်) ရွှေ့ဆိုင်းပြီးရယူရန် တောင်းဆိုမည် မဟုတ်ကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀ ဘောလုံးရာသီအတွင်း မန်ယူအသင်းအနေဖြင့် အိမ်ကွင်းပွဲစဉ်အနည်းဆုံး (၅)ပွဲကစားရန် ကျန်ရှိနေကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း သြစတြီးယားကလပ် LASK အသင်းကို အဝေးကွင်း၌ (၅-၀) ဂိုးဖြင့်အနိုင်ရရှိထားပြီး အိမ်ကွင်းပွဲစဉ် ပြန်ကစားရန်ရှိနေသည်။

ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် ဂိုးပြတ် အနိုင်ရရှိထားခြင်းကြောင့် မန်ယူအသင်းမှာ ကွာတားဖိုင်နယ် သို့တက်ရောက်ရန်လည်း အခြေအနေကောင်းနေသည်။

သို့ ဖြစ်ရာ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ပုံမှန်အတိုင်း အိမ်ကွင်းပွဲ စဉ်များ ကစားရပါက ကွင်းဝင်ကြေးငွေ မြောက်မြားစွာရဖွယ် ရှိနေသည်။  

ပြီးခဲ့သည့်ဘောလုံးရာသီက မန်ယူအသင်းသည် အိမ်ကွင်းပွဲစဉ် စုစုပေါင်း (၂၆)ပွဲ ကစားခဲ့ရပြီး ကွင်းဝင်ကြေး ပေါင်  (၁၁၀.၈၂)သန်းရရှိခဲ့ကြောင်းသိရသည်။

သို့ဖြစ်ရာ အိမ်ကွင်း ပွဲစဉ်တစ်ပွဲတွင် မန်ယူအသင်းရရှိသည့် တစ်ပွဲပျမ်းမျှ ကွင်း ဝင်ကြေးမှာ ပေါင်(၄.၂၆)သန်းခန့်ရှိကြောင်း သိရှိရသည်။

အကယ်၍ လက်ကျန်ပွဲစဉ်များတွင် အိမ်ကွင်းပွဲစဉ် (၅)ပွဲရှိပါ က မန်ယူအသင်းနစ်နာဆုံးရှုံးမည့် ငွေကြေးမှာ ပေါင် (၂၁.၃) သန်းရှိမည်ဖြစ်ကြောင်း Daily Mail သတင်းစာက တွက်ချက် ဖော်ပြခဲ့သည်။ 

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသ မားများကို လစာငွေအများဆုံးပေးချေသည့်အသင်းအဖြစ် ရပ်တည်နေပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင် မန်ယူအသင်း ပေးချေခဲ့ရသည့် လစာငွေစုစုပေါင်းမှာ ပေါင် (၃၃၂.၃)သန်း အထိရှိခဲ့ကြောင်း သိရှိရသည်။

ယင်းရာသီတွင် မန်ယူအသင်း၏ လည်ပတ်ငွေ စုစုပေါင်းမှာ ပေါင် (၆၂၇.၁)သန်းရှိရာ မန်ယူအ သင်း၏ လစာငွေပေးချေမှုမှာ အသင်းလည်ပတ်ငွေ၏ (၅၂%) အထိရှိနေကြောင်း သိရှိရသည်။  

မန်ယူအသင်းတွင် ဝန်ထမ်းဦးရေ စုစုပေါင်း(၉၄၀)ဦးရှိပြီး၊ လက်ရှိကြုံတွေ့နေရသော ကို ရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလအတွင်း ဝန်ထမ်းများကို လစာငွေပုံမှန်ဆက်လက်ပေးချေသွားမည်ဖြစ်သလို၊ အစိုးရ၏ အကူအညီကို ရယူသွားမည်မဟုတ်ကြောင်းလည်း သိရှိရ သည်။

ပရီးမီးယားလိဂ်တွင် အစောပိုင်းက နယူးကာဆယ်၊ စပါး၊ ဘုန်းမောက်၊ လီဗာပူးလ်၊ နောဝစ်ချ် အစရှိသောအသင်း များမှာ ၎င်းတို့၏ ဝန်ထမ်းများကို လစာငွေပေးချေမှုအတွက် အစိုးရ၏ အကူအညီကိုရယူခဲ့၍ ဝေဖန်မှုများခံခဲ့ရသည်။

 

Most Read

Most Recent