အီတူးသည် ကင်မရွန်းနိုင်ငံတွင် အီတူးဖောင်ဒေးရှင် ထူထောင်ထားသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှကာကွယ်ရေးအတွက် ဆပ်ပြာများ၊ Hand Sanitiser များအပါအဝင် စားဝတ်နေရေးအခက်အခဲများ နှင့် ရင်ဆိုင်နေရသည့် လူ (၁၀၀၀၀၀)ခန့်ကို အစားအသောက်များ မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ကင်မရွန်းဂန္ထဝင်ဘောလုံးသမား အီတူးက မိမိအနေဖြင့် မွေးရပ်မြေတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့သည်။

အီတူးသည် ကင်မရွန်းနိုင်ငံတွင် အီတူးဖောင်ဒေးရှင် ထူထောင်ထားသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှကာကွယ်ရေးအတွက် ဆပ်ပြာများ၊ Hand Sanitiser များအပါအဝင် စားဝတ်နေရေးအခက်အခဲများ နှင့် ရင်ဆိုင်နေရသည့် လူ (၁၀၀၀၀၀)ခန့်ကို အစားအသောက်များ မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီတူးသည် ကင်မရွန်းနိုင်ငံမှ တက္ကစီကားမောင်းသူများ ကာကွယ်ရေးမျက်နှာဖုံး (၅၀၀၀၀) ပေးဝေမည်ဟုလည်း သိရသည်။