အသင်း၏လစာငွေလျှော့ချမည့်အစီအစဉ်ကို အာဆင်နယ်ကစားသမားများ ငြင်းဆန်

အသင်း၏လစာငွေလျှော့ချမည့်အစီအစဉ်ကို အာဆင်နယ်ကစားသမားများ ငြင်းဆန်
Published 14 April 2020

အာဆင်နယ်အသင်း၏လစာငွေလျှော့ချမည့်အစီအစဉ်ကို ကစားသမားများက ငြင်းဆန်ခဲ့ကြကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အာဆင်နယ်အသင်းသည် လာမည့် (၁၂)လအတွင်း လစာငွေစုစုပေါင်း ပေါင်(၂၅)သန်းဖြတ်တောက်သွားရန် ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများက ဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်နိုင်မှုများကို တွက်ဆပြီး စုစုပေါင်း၏(၁၂.၅%)လျှော့ချမည့်အစီအစဉ်ကို အဆိုပြုခဲ့ပြီး ၂၀၂၀ ဧပြီမှ ၂၀၂၁ မတ်လအကြား အဆိုပါပမာဏကို လျှော့ချသွားရန် စီစဉ်ခဲ့သည်။

သို့သော် ပြီးခဲ့သည့်တနင်္လာနေ့ မွန်လွဲပိုင်းက မဲခွဲမှုတွင်မူ အာဆင်နယ်ကစားသမားများက ယင်းအဆိုပြုချက်ကို ငြင်းဆန်ခဲ့ကြသည်ဟု Telegraph က ရေးသားခဲ့သည်။

အသင်းတာဝန်ရှိသူများသည် ယင်းအဆိုပြုမှုတွင် စာချုပ်သစ်ကဲ့သို့ ပုံစံမျိုးအပြင် အသင်းမှ ရောင်းချခဲ့လျှင်လည်း လစာအပြည့်ပေးချေမည်စသည့် မက်လုံးများပါရှိခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်း၏ တစ်နှစ်စာလစာငွေပေးချေမှုမှာ ပေါင်သန်း(၂၃၀)၉န်းကျင်းရှိကြောင်း talkSPORT က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းတွင် လက်ရှိလစာအများဆုံးအဖြစ် အိုဇေးလ်က ပေါင်(၃)သိန်းခွဲရရှိနေပြီး ဒုတိယအများဆုံးအဖြစ် လာကာဇက်နှင့် အူဘာမီယန်းတို့က ပေါင်(၂)သိန်းစီရရှိနေကြောင်း သိရသည်။

Most Read

Most Recent