ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်ဖွယ်မရှိကြောင်း လူးကပ်စ်ဟာနန်ဒက်ဇ် ဆို

ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်ဖွယ်မရှိကြောင်း လူးကပ်စ်ဟာနန်ဒက်ဇ် ဆို
Photos: Getty Images
Photos: Getty Images
Published 13 April 2020

ဘိုင်ယန်မြူးနစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်က ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်က ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရသည်။ 

UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ဥရောပကလပ်အသင်းပြိုင်ပွဲများ (ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ)ကို လိုအပ်ပါက ကွင်းပိတ်ကစားရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သော်လည်း စက်တင်ဘာလအထိ ဘောလုံးပြိုင်ပွဲများကို ပြန်လည်ကျင်းပနိုင်ခြင်းမရှိပါက ဖျက်သိမ်းရနိုင်ကြောင်းလည်း ဝန်ခံထားသည်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ကစားသည့်ပြိုင်ပွဲဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်ဘေးကြောင့် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားလာရန် မဖြစ်နိုင်ကြောင်း လူးကပ်စ်ဟာနန်ဒက်ဇ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လူးကပ်စ်ဟာနန်ဒက်ဇ်က "ဒီရာသီ လိဂ်ပြိုင်ပွဲတွေကို ပြီးဆုံးအောင် ကစားဖို့ ဖြစ်နိုင်ပေမယ့် ပြိုင်ပွဲအားလုံးကို ပြီးဆုံးအောင် ကစားဖို့ဆိုတာကတော့ အရမ်းခက်ပါလိမ့်မယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက တစ်နိုင်ငံကနေ တခြားနိုင်ငံတစ်ခုသို့ သွားရောက်ကစားရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ စပိန်၊ အီတလီ၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတွေ အားလုံး ကပ်ဘေးနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတွေကို Lockdown လုပ်ထားရပါတယ်။ တကယ်လို့ ဒီရာသီ လိဂ်ပြိုင်ပွဲတွေကို ပြီးဆုံးအောင် ကျင်းပနိုင်ခဲ့မယ်ဆိုရင်တောင် ချန်ပီယံလိဂ်ပြိုင်ပွဲကိုတော့ ပြီးဆုံးအောင် ကျင်းပဖို့ မဖြစ်နိုင်ပါဘူး"ဟု L'Equipe သတင်းစာသို့ ပြောကြားခဲ့သည်။ 

လက်ရှိတွင် ဘွန်ဒစ်လီဂါအသင်းများမှာ လေ့ကျင့်ခန်းပြုလုပ်နေကြပြီး ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို မေလလယ်ပိုင်းတွင် ပြန်လည်ကစားသွားဖွယ်ရှိနေကြောင်း သိရသည်။ 

 

Most Read

Most Recent