နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးတွင် မြို့ရိုးဟောင်းဟုယူဆရသည့် အုတ်ရိုးတန်း တူးဖော်တွေ့ရှိထားပြီး သမိုင်းအထောက်အထားများနှင့် တိုက်ဆိုင်သုတေသနပြုလုပ်နေ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးတွင် မြို့ရိုးဟောင်းဟုယူဆရသည့် အုတ်ရိုးတန်း တူးဖော်တွေ့ရှိထားပြီး သမိုင်းအထောက်အထားများနှင့် တိုက်ဆိုင်သုတေသနပြုလုပ်နေ
တပ်ကုန်းမြို့နယ် ညောင်ကိုင်းကျေးရွာအနီးတွင် မြို့ရိုးဟောင်းဟုယူဆရသည့် အုတ်ရိုးတန်းကို တူးဖော်တွေ့ရှိထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
တပ်ကုန်းမြို့နယ် ညောင်ကိုင်းကျေးရွာအနီးတွင် မြို့ရိုးဟောင်းဟုယူဆရသည့် အုတ်ရိုးတန်းကို တူးဖော်တွေ့ရှိထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
Published 1 March 2020
ကြည်နိုင်

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ညောင် ကိုင်းကျေးရွာအနီးတွင် မြို့ရိုးဟောင်းဟု ယူဆရသည့် အုတ်ရိုးတန်းကို တူးဖော်တွေ့ရှိ ပြီး သမိုင်းအထောက်အထားများနှင့် တိုက် ဆိုင်သုတေသနပြုနေကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၉ ရက်က သတင်းထုတ်ပြန် သည်။

အဆိုပါ ဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက် ဦးစီးဌာနမှ ကွင်းဆင်းသုတေသနအဖွဲ့ သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာသို့ ဖေဖော်ဝါရီ ၁၈ ရက်တွင်  ရောက်ရှိခဲ့ပြီး ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၄၀၀ ခန့်တွင် မြို့ဟောင်းနေရာဟု ယူဆရသော စတုရန်းပုံ အုတ်ပန္နက်တစ်ခုကို တွေ့ရှိခဲ့ သဖြင့် တောင်ဘက်မြို့ရိုးဟု ယူဆရသော အရှေ့၊ အနောက်အုတ်တန်းနေရာတွင် ငါး မီတာ ပတ်လည်ကျင်းကွက် ခြောက်ကွက်ဖြင့် စမ်းသပ်တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့တူးဖော်မှုအရ အရှေ့အနောက် တန်းနေသည့် အုတ်ရိုးတန်းဟောင်းကို တွေ့ ရှိခဲ့ပြီး ၎င်းအုတ်ရိုးတန်းသည် ဗြက်ခုနစ်ပေခန့်ကျယ်ပြီး အုတ်အရွယ်အစားများမှာ (၁၈x၉x၃) လက်မ၊  (၁၆x၈x၂ . ၅) လက်မ၊ (၁၇x၈x၂ . ၅) လက်မတို့ကို အသုံးပြုထား ကြောင်း သိရသည်။

အဆိုပါ အုတ်ရိုးတန်းနှင့်စပ်လျဉ်း၍ တွေ့ရှိရသော အထောက်အထားများအား သမိုင်းဆိုင်ရာ အထောက်အထားများနှင့် တိုက်ဆိုင်၍ ဆက်လက် သုတေသနပြု ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် အဆို ပြုနေရာဒေသများကို ဆက်လက်သုတေ သနပြု ဆောင်ရွက်လျက်ရှိကြောင်း  သတင်း ထုတ်ပြန်ခဲ့သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ကွင်းဆင်းသုတေသန အဖွဲ့သည် နေပြည်တော်ပြည်ထောင်စုနယ် မြေ၊ တပ်ကုန်းမြို့နယ်နှင့် မန္တလေးတိုင်း ဒေ သကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ ရှေး ဟောင်းနေရာဒေသများ၊ အုတ်ကုန်းဟောင်း များနှင့် ယဉ်ကျေးမှုအမွေအနှစ်များအား သုတေသနပြုလုပ်ငန်းကို ဖေဖော်ဝါရီ ၁၅ ရက်မှ ဆောင်ရွက်ခြင်းဖြစ်သည်။   

 

 

Most Read

Most Recent