ဇီမန်ဇီရီဟွန်တစ်ယောက် လယ်တောကို ကျောခိုင်းပြီး အဝတ်အထည်ချက် စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်မှာ မှားများ မှားပြီလောဟု သံသယဝင်နေပါသည်။ အီသီယိုပီးယားနိုင်ငံသားဖြစ်သူ ဇီမန်သည် အဝတ်ထည်ချက် စက်ရုံတွင် ချည်ထည်များ ညှပ်သည့် လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ လပိုင်းမျှသာ ရှိသေးသည်။ အသက် ၂၂ နှစ်ရှိ ဇီမန်သည် လုပ်ငန်းခွင်၌ တစ်နေ့ ရှစ်နာရီ အလုပ်ဆင်းရခြင်း၊ တစ်ပတ် ခြောက်ရက် အ လုပ်ဆင်းရခြင်းတို့ကြောင့် အလုပ်လုပ်ရ သည်ကို စိတ်မပါတော့ပေ။ သူ၏မကျေနပ်မှု ပိုမြင့်ရသည်က သူ့လစာက တစ်လ ၃၅ ဒေါ် လာသာ ရနေခြင်းကြောင့် ဖြစ်သည်။
စက်ရုံမှ မန်နေဂျာဆိုသူများကလည်း အလွန်စည်းကမ်းကြီးသည်။ အပေါ့အပါး သွားသည့်ကိစ္စကို ကြာရကောင်းလားဟု စောင့်ကြည့်အပြစ်တင်ကြောင်း ဇီမန်က မကျေမနပ် ပြောကြားသည်။ “မင်းတို့တွေက ငပျင်းတွေ၊ အလုပ်လုပ်တဲ့နေရာမှာ အရမ်း ကြာတယ်”ဟု အပြစ်စကားပြောကြားသည်။
“ကျွန်တော် အလုပ်ဝင်ပြီးတဲ့အချိန်က စပြီး အရမ်းဒုက္ခရောက်ခဲ့ရတယ်။ ကြီးကြပ်ရေးမှူးတွေက ကျွန်တော်တို့ကို တိရစ္ဆာန် တစ်ကောင်လို ဆက်ဆံကြတယ်”ဟု ဇီမန်က ထုတ်ပြောသည်။
အီသီယိုပီးယားနိုင်ငံ လယ်ယာလုပ်ငန်း အခြေပြုရာမှ စက်မှုလုပ်ငန်းများ မြှင့်တင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရမည်ဟု ကြွေးကြော်ပြီးသကာလ စက်မှုလုပ်ငန်းများ ကို တိုးမြှင့်လုပ်ကိုင်ခဲ့သည်။ ယင်းအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခဲ့သလို ပြည်တွင်းမှာ စျေးနှုန်းချိုသော အလုပ်သမား များရှိကြောင်း မက်လုံးပေးခဲ့သည်။ အီသီယိုပီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အာရှတိုက်မှ နိုင်ငံများ ကျင့်သုံးနေသော ပုံစံအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ နိုင်ငံတွင်းရှိ လူငယ်လူရွယ်များ အလုပ်လက်မဲ့ဘဝ ရောက်နေကြရာ သူတို့အနေဖြင့် ရသည့် ကြေးဖြင့် လုပ်ငန်းခွင် ဝင်ရေက်ရမည့် အခြေအနေသို့ ရောက်ရှိနေကြသည်။
အီသီယိုးပီးယားနိုင်ငံမှ လူငယ်လူရွယ် အများစုသည် အလုပ်လက်မဲ့ဘဝရောက်နေ ကြသည် မှန်သော်လည်း သူတို့အနေဖြင့် လစာငွေ များ လျော့နည်းနေခြင်းနှင့် လူမဆန် စွာ ချုပ်ချယ်ဖိနှိပ်ခံနေရခြင်းတို့ကို မကျေနပ် သဖြင့် လုပ်ငန်းခွင့်မှ စွန့်ခွာဖို့လည်း ဝန်မလေးကြပေ။ အီသီယိုးပီးယားနိုင်ငံ စက်မှုဇုန် များအတွင်းရှိ စက်ရုံအလုပ်ရုံများကို စွန့်ခွာ ခဲ့ကြသော အလုပ်သမားများ ထောင်နှင့်ချီ ရှိနေသည်မှာ ထူးဆန်းသည်ဟု မဆိုနိုင်။
၂၀၁၇-၂၀၁၈ ခုနှစ်များ၌ ဇီမန်အလုပ် လုပ်နေသော ဟာဝါစာစက်မှုဇုန်ထဲမှ စက်ရုံ အလုပ်ရုံကို စွန့်ခွာခဲ့သူ အလုပ်သမားအရေ အတွက်မှာ အလွန်များပြားခဲ့သည်။ အလုပ် သမားများအနေဖြင့် လုပ်ငန်းခွင်မှနေ၍ နုတ်ထွက်မှုများပြားနေရခြင်း၏ အကြောင်း ရင်းတစ်ခုမှာ အစိုးရက မူလသဘောတူထား သည့် စျေးနှုန်းနှင့် လက်တွေ့ရသည့် လစာ ငွေများမှာ သိသိသာသာ ကွာခြားနေခြင်း ကြောင့်ဖြစ်သည်။ အလုပ်သမားများဘက် က လစာငွေနည်းပါးခြင်း၊ အလုပ်ဝန်ထုပ် ဝန်ပိုးကြီးမားခြင်း၊ လူမဆန်စွာ ဆက်ဆံခံ နေရခြင်းတို့ကို အကြောင်းပြခဲ့သလို စက်ရုံ အလုပ်ရုံပိုင်ရှင်များဘက်က အလုပ်သမား ကို လုပ်ငန်းခွင်သင်ကြားရခြင်း၊ အလုပ်သ မားများ စုစည်းရခြင်းတို့အတွက် ကုန်ကျစ ရိတ်များရှိနေခြင်းကို ထုတ်ဖော်ပြောကြား ခဲ့သည်။
အီသီယိုးပီးယားအစိုးရက အလုပ်သမား များနှင့် စက်ရုံပိုင်ရှင်များကြား ဖြစ်နေသည့် ပြဿနာရပ်များ ပြေလည်မှုရှိစေရန် ဖျန်ဖြေ မှုများ ပြုလုပ်မည်ဟု ပြောကြားထားသည်။ သို့သော် အလုပ်သမားသမဂ္ဂများကမူ အ စိုးရက ဝင်ရောက်ဖျန်ဖြေမှုသည် နောက်ကျနေပြီဖြစ်ကြောင်း၊ အလုပ်သမားများ ရပိုင်ခွင့်အတွက် စက်မှုဇုန်များတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းပြီး အလုပ်သမားအရေး တောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဇီမန် က ပြောကြားလိုက်သည်။
“အစိုးရအနေနဲ့ စက်မှုဇုန်တွေမှာ ဖြစ်ပွားနေတာတွေကို အလေးအနက်ထား စဉ်းစားဖို့ လိုပါတယ်။ လူတွေကို အလုပ်ရအောင် လုပ်ပေးနိုင်ပြီလို့ အစိုးရက ယူဆထားနေပါ တယ်။ လက်တွေ့မှာတော့ အလုပ်သမား တချို့ဟာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါ တယ်”ဟု ဇီမန်က ပြောကြားသည်။
အီသီယိုးပီးယား ဝန်ကြီးချုပ် အေသီ အာမက်က စက်မှုဇုန်များသည် အီသီယိုးပီးယားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသော အင်ဂျင်စက်များအဖြစ် ရှုမြင်ထားသည်။ သြဂုတ်လတွင် ကျင်းပရန် စီစဉ် ထားသော ရွေးကောက်ပွဲ မတိုင်မီ ဆူပူဆန္ဒ ပြမှုများ မဖြစ်စေရန် စက်မှုဇုန်များက စွမ်း ဆောင်နိုင်မည်ဟု အေဘီအာမက်က ယူဆ ထားသည်။ ၂၀၁၄ ခုနှစ်ကတည်းက အီသီ ယိုးပီးယားအစိုးရသည် လက်ယာစိုက်ပျိုး ရေးကို အခြေခံသော နိုင်ငံအဖြစ်မှနေ၍ စက်မှုကို အခြေခံသော နိုင်ငံတည်ဆောက် ရေးကို ရည်မှန်းခဲ့သည်။ လူဦးရေ ပေါက်ကွဲ မှုနှုန်း မြင့်မားနေခြင်းကြောင့် လယ်ယာစိုက် ပျိုးရေးလုပ်ငန်းတစ်ခုတည်းနှင့် ပြည်သူလူ ထုကို ထမင်းဝအောင် ကျွေးနိုင်မည်မဟုတ် ကြောင်း ဝန်ကြီးချုပ် အေဘီအာမက်၏ စီး ပွားရေး မူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အာ ကီဘေးအိုကူဘေးက ပြောကြားခဲ့သည်။
အီသီယိုးပီးယားနိုင်ငံသည် အာဖရိက တိုက်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံတစ်နိုုင်ငံ ဖြစ်သော်လည်း လူငယ်အ လုပ်လက်မဲ့မှုဖြစ်နှုန်း သိသိသာသာ မြင့် တက်နေပြီး အလုပ်လက်မဲ့လူငယ် များပြား နေမှုက အစိုးရအတွက် ကြီးမားသော ပြ ဿနာတစ်ရပ်ဖြစ်နေသည်။ အစိုးရအနေ ဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် စက်မှု ဇုန်များ တည်ထောင်ခြင်းဖြင့် အလုပ်လက်မဲ့ ဖြစ်ပွားနေမှုကို လျှော့ချနိုင်လိမ့်မည်ဟု ယူ ဆထားသော်လည်း အမှန်တကယ်၌ စက်ရုံ များ၌ အလုပ်လုပ်ကိုင်သူများ၏ အရေအ တွက်မှာ ရာခိုင်နှုန်းဖြင့် တွက်ချက်လျှင် ၁၀ ရာခိုင်နှုန်းမျှသာ ရှိသည်။ ထို့အပြင် အီသီ ယိုးပီးယားနိုင်ငံရှိ စက်ရုံများတွင် အလုပ် လုပ်နေကြရသော အလုပ်သမားများ၏ လုပ် ငန်းခွင်အနေအထား သည် ၂၀၁၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ခဲ့သည့် အခြေ အနေမျိုးနှင့် ကြုံနိုင်ရဖွယ်ရှိသည်ကို သတိ ပြုရန် လိုအပ်နေသည်။ ၂၀၁၃ ခုနှစ်က ဘင်္ဂ လားဒေ့ရှ်နိုင်ငံတွင် ချည်ထည်စက်ရုံ ပြိုကျ မှုကြောင့် လူ ၁ç၁၃၄ ဦး သေဆုံးခဲ့ရသည်။ စက်ရုံများ ကြံ့ခိုင်မှုမရှိခြင်းနှင့် လုပ်ငန်းခွင် စိတ်ချရမှုကင်းမဲ့နေခြင်းတို့သည် အလုပ်သ မားများအတွက် အန္တရာယ်ဆိုးနှင့် ဘယ်တော့ ကြုံရမလဲဆိုသည်ကို စိုးရိမ်နေရသည်။
အီသီယိုးပီးယားနိုင်ငံတွင် ဟာဝါဆာစက်မှုဇုန်သည် အထင်ကရ စက်မှုဇုန်ကြီး ဖြစ်ပြီး အမေရိကန်၊ ဥရောပနှင့် အာရှမှ ကုမ္ပ ဏီကြီးများက စက်ရုံများဖွင့်လှစ်ထားရာ စက်ရုံကြီး ၅၂ ရုံ ရှိနေသည်။ ချည်ထည် စက်ရုံနှင့် အထည်အလိပ်စက်ရုံများမှာ ၂၀၁၇ ခုနှစ်မှစ၍ လည်ပတ်နေခဲ့ခြင်းဖြစ် သည်။ တီရှပ်နှင့် အားကစားဝတ်စုံများ ချုပ် လုပ်နေသည့် စက်ရုံတွင် ဝန်ထမ်း ၃၀ç၀၀၀ ခန့်ရှိနေသည်။ ၂၀၂၀ နှစ်ကုန်တွင် အီသီယိုး ပီးယားနိုင်ငံတစ်ဝန်း၌ စက်မှုဇုန် ၃၀ ခန့် ထပ်မံတည်ဆောက်မည်ဖြစ်ပြီး ယင်းစက်မှု ဇုန်များတွင် စက်ပစ္စည်းအစိတ်အပိုင်းများ နှင့် အိုင်တီနည်းပညာဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်မည်ဖြစ်ကြောင်း၊ လောလောဆယ် တွင် စက်မှုဇုန် ဆယ်နှစ်ခုမှာ ဆောက်လုပ် ပြီးစီးနေပြီဖြစ်ကြောင်း အာကီဘေးက ပြော ကြားခဲ့သည်။
ဟာဝါစာစက်မှုဇုန်ရှိ ချည်ထည်စက်ရုံ ရှိ အလုပ်သမားတစ်ယောက်၏ လစာငွေမှာ ၂၅ ဒေါ်လာသာ ရသဖြင့် ကမ္ဘာပေါ်တွင် လုပ်ခလစာငွေ အနည်းဆုံးဖြစ်နေသည်။ လစာငွေ နည်းပါးရုံမျှမက လုပ်ငန်းခွင် စိတ် ချရမှုမရှိခြင်း၊ လူမဆန်စွာ ဆက်ဆံခံနေရ ခြင်းတို့ကို မကျေနပ်သဖြင့် လုပ်ငန်းခွင် ကျောခိုင်းမှုများ ရှိနေသလို စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ရရာအလုပ် လုပ်မည့် သူများကလည်း အလုပ်လျှောက်ရန် စက်ရုံ ရှေ့တွင် တန်းစီနေကြသည်။
စက်ရုံအလုပ်သမားများ၏ဘဝမှာ အလွန်တရာမှ ဆိုးရွားလှသည်။ အလုပ်သမားများနေရန် ပေးထားသည့် တိုက်ခန်းမှာ ကျဉ်းပြီး လေးဦးခန့် နေကြရသဖြင့် အလှည့်ကျ အိပ်ကြရသည်။
စက်ရုံမှ ထွက်ခဲ့သော ဇီမန်သည် ဘဝ ဟောင်းကို ပြန်ရောက်ပြီး စိုက်ပျိုးရေးလုပ် ငန်း လုပ်ကိုင်နေသည်။ သူ့ဘဝမျှော်လင့် ချက်များကို စက်ရုံက မဖြည့်ဆည်းနိုင်သဖြင့် စက်ရုံကို ကျောခိုင်းခဲ့ရခြင်းဖြစ်သည်ဟု ဇီ မန်က ထုတ်ဖော်ပြောကြားလိုက်သည်။
ဂျေပီ (JP) စက်ရုံမှ ဒုတိယအထွေထွေ မန်နေဂျာ တိုနီကောင်းကမူ ဟာဝါစာမှ အလုပ်သမားများသည် လယ်ယာစိုက်ပျိုးရေးကို စွန့်ပြီး စက်ရုံအလုပ်သမားဘဝ ကူး ပြောင်းရာတွင် အသားမကျမှုများရှိနေကြောင်း ပြောပြသည်။
“သူတို့အနေနဲ့ စက်ရုံအလုပ်သမားအဖြစ် လေ့လာသင်ယူမှုတွေ ပြုလုပ်ကြရပါတယ််။ အဲဒီအတွက် အချိန်တစ်ခုတော့ ပေးကြရပါတယ်။ ကြာလာတဲ့အခါမှာတော့ သူတို့ဟာ လုပ်ငန်းကျွမ်းကျင်မှုရှိလာပြီး စက် တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်လာရင် သူတို့အတွက် ဘဝစာမျက်နှာသစ် ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ဟာဝါစာရှိ အထည်ချုပ်စက်ရုံမှနေ၍ မီဒီဟန်ဖီဟီနီလည်း နုတ်ထွက်ခဲ့သည်။ သူမ အနေဖြင့် အလုပ်မှ နုတ်ထွက်ရခြင်းကို ယခု လို ရှင်းပြသည်။
“ဘတ်စ်ကား မီဖို့ နံနက် ၅း ၃၀ နာရီ အိမ်ကနေ ထွက်ရတယ်။ အလုပ်က ၆ နာရီ ဝင်ရတယ်။ နေ့ဘက်အဆိုင်းမှာ ဝင်တဲ့နေ့ ဆိုရင် ညဘက် ၁၁ နာရီခွဲမှ အိမ်ပြန်ရတယ်။ မိန်းမတစ်ယောက်အနေနဲ့ ညအချိန်မတော်ကြီး ပြန်ဖို့ မကောင်းဘူး”
အီသီယိုးပီးယားနိုင်ငံ အထည်ချုပ်လုပ် ငန်းသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်။ နိုင်ငံ အတော်များများက အီသီယိုးပီးယားနိုင်ငံကို မျက်စိကျနေသည်ဟု ဟာဝါစာရှိ နာဆာအထည်ချုပ်လုပ်ငန်းမှ အကြီးအကဲ ရက်ဟာဝိန္ဒရာပတ္တာက ပြောကြားခဲ့သည်။
ဟာဝါစာရှိ စက်ရုံပိုင်ရှင်များက နုတ် ထွက်သွားသည့် အလုပ်သမားများနေရာကို အလုပ်သမားသစ်များ အစားထိုးရန် ပြင် ဆင်ထားသည်။ အလုပ်သမားသစ်များက လည်း စက်ရုံရှေ့တွင် တန်စီးပြီး ရောက်နေ ကြသည်။ အသက် ၂၂ နှစ်အရွယ်ရှိ အီတလီ ဆာရာဆိုလိုဆန်နာကတော့ တစ်လ ၃၃ ဒေါ်လာသည် နည်းပါးလွန်းသည်မှန်သော်လည်း လုပ်စရာ ဘာမှမရှိတော့၍ စက်ရုံ၌ အလုပ်ဝင်မလုပ်ပါက ဖိနပ်တိုက်ရမည့် အခြေအနေ ရှိနေကြောင်း ပြောကြားခဲ့သည်။










