ဘွန်ဒစ်လီဂါပွဲစဉ်(၂၁) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂၁) ပွဲကြိုသုံးသပ်ချက်
Published 8 February 2020

ဝုလ်ဖ်ဘတ် နှင့် ဒစ်ဆယ်ဒေါ့ဖ်  (စနေည ၉းဝ၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်က နောက်ဆုံးကစားတဲ့ အဝေးကွင်း(၉)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။ ဝုလ်ဖ်ဘတ်အိမ်ကွင်းမှာ နိုင်ပွဲဆက်ဖို့များတယ်။

၀ါဒါဘရီမင် နှင့် အူန်ယွန်းဘာလင်  (စနေည ၉းဝ၀ နာရီ)

ဒီရာသီအိမ်ကွင်းပွဲတွေမှာ ၀ါဒါဘရီမင်အသင်း (၁)ပွဲသာ အနိုင်ရထားတယ်။ အူန်ယွန်းဘာလင်ကလည်း အဝေးကွင်းမစွံလို့ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်တယ်။

ဟာသာဘာလင် နှင့် မိန့်ဇ်  (စနေည ၉းဝ၀ နာရီ)

မိန့်ဇ်က ပွဲကျပ်ကာလမှာ (၄)ပွဲဆက်တိုက် ရှုံးပွဲနဲ့ရင်ဆိုင် ကစားခဲ့ရတယ်။ ခြေတက်နေတဲ့ ဟာသာဘာလင် အနိုင်(၃)မှတ်ယူမှာပါ။

ဖရိုင်းဘတ် နှင့် ဟော်ဖန်ဟင်မ်  (စနေည ၉းဝ၀ နာရီ)

ဖရိုင်းဘတ်အသင်းက နောက်ဆုံး(၆)ပွဲမှာ အဝေးကွင်း (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ရလဒ်ကောင်းနေတဲ့ ဟော်ဖန်ဟင်မ် အမှတ်ထပ်ယူဦးမယ်။

ရှော်လ်ကေး နှင့် ပါဒါဘွန်း  (စနေည ၉းဝ၀ နာရီ)

နောက်ပိုင်းပွဲတွေမှာ ပါဒါဘွန်းအသင်းရဲ့ရုန်းကန်နေမှုက အတော်လေးသိသာပါတယ်။ ရှော်လ်ကေးအသင်း ဂိုးပြတ်ဖို့ မ လွယ်လောက်ဘူး။

လေဗာကူဆင် နှင့် ဒေါ့မွန် (စနေည ၁၂းဝ၀ နာရီ)

ဒေါ့မွန်အသင်း ဂျာမန်ဖလားကထွက်လိုက်ရလို့ ချန်ပီယံလိဂ်နဲ့ ဘွန်ဒစ်လီဂါ စစ်မျက်နှာ(၂)ခုပဲ ကျန်ပါတော့တယ်။ လေ ဗာကူဆင်က အိမ်ကွင်းမှာတောင် ရလဒ်ပိုင်းအတက်အကျ မမှန်ပါဘူး။ ဒေါ့မွန်ပဲ အနိုင်ရဖို့များတယ်။