အဲဗာတန် နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ရး၀၀ နာရီ)
ဝက်ဖို့ဒ်နဲ့ပွဲမှာ နောက်ကျဂိုးတွေနဲ့ ပြန်နိုင်ခဲ့ပြီးတဲ့နောက် အဲဗာတန်ပရိသတ်တွေက အိမ်ကွင်းပွဲစဉ်မှာလည်း (၃)မှတ်ယူဖို့ မျှော်လင့်နေလိမ့်မယ်။ အဲဗာတန်အတွက် သတင်းကောင်းက ဝက်ဖို့ဒ်နဲ့ပွဲတုန်းက ဆီဂတ်ဒ်ဆန်နဲ့ ရစ်ချာလီဆန်တို့ နှစ်ဦးစလုံးပြန်ပါလာတာဖြစ်ပြီး ပုံစံကောင်းလည်းပြနိုင်ခဲ့တယ်။ ပဲလေ့စ်ကတော့ မထင်တဲ့ပွဲတွေမှာ မထင်မှတ်တဲ့ ရလဒ်တွေ ယူပြခဲ့ပေမယ့် နိုင်ပွဲယူဖို့ခက်နေဆဲပါ။ အဲဗာတန်ကို ကြိုက်တယ်။
ဘရိုက်တန် နှင့် ဝက်ဖို့ဒ် (စနေည ၁၂း၀၀ နာရီ)
ဘရိုက်တန်က တန်းဆင်းဇုန်အန္တရာယ်ရှိနေပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲတုန်းက သေချာပေါက်ရှုံးမယ့်အနေအထားကနေ သရေတစ်မှတ်ပြန်ယူပြခဲ့ပြီးနောက် အခုအိမ်ကွင်းပွဲမှာ အနိုင်ကစားဖို့ ကြိုးစားလိမ့်မယ်။ ဝက်ဖု့ိဒ်ကတော့ ပီယာဆန်ရဲ့လက်ထက်မှာ သိသိသာသာတိုးတက်လာတယ်။ ဒါပေမဲ့ နောက်ဆုံးနှစ်ပွဲမှာ ရှုံးပွဲတွေ့ခဲ့တာက အသင်းရဲ့ယုံ ကြည်မှုကို ထိခိုက်စေပါတယ်။ ဘရိုက်တန်ကို ကြိုက်တယ်။