ကမ္ဘာ့ရေနံစျေး တစ်စည် ၅၁ ဒေါ်လာအထိ ပြန်ကျလာပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ သုံးပတ်ကျော်အတွင်း တစ်လီတာ ကျပ် ၁၀၀ မှ ၁၁၅ ကျပ်အထိ ဆက်လက်ကျဆင်း

ကမ္ဘာ့ရေနံစျေး တစ်စည် ၅၁ ဒေါ်လာအထိ ပြန်ကျလာပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ သုံးပတ်ကျော်အတွင်း တစ်လီတာ ကျပ် ၁၀၀ မှ ၁၁၅ ကျပ်အထိ ဆက်လက်ကျဆင်း
​​​​​​​ရန်ကုန်မြိ့ရှိ စက်သုံးဆီလက်လီအရောင်းဆိုင်တစ်နေရာကို တွေ့ရစဉ်
​​​​​​​ရန်ကုန်မြိ့ရှိ စက်သုံးဆီလက်လီအရောင်းဆိုင်တစ်နေရာကို တွေ့ရစဉ်
Published 3 February 2020
စည်သူအောင်

ကမ္ဘာ့ရေနံစျေး တစ်စည် ၅၁ ဒေါ်လာ အထိ ပြန်ကျလာပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ သုံးပတ်ကျော်အတွင်း တစ်လီတာ ကျပ် ၁၀၀ မှ ၁၁၅ ကျပ်အထိ ဆက်လက် ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများ အရ သိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်းသည်  ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင်  ၆၂  ဒေါ်လာဝန်း ကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက် တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ် လာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ် လာ၊ ဇန်နဝါရီ ၃၁ ရက်တွင် ၅၃ ဒေါ်လာ၊ ဖေဖော်ဝါရီ ၃ ရက်တွင် ၅၁ ဒေါ်လာဝန်း ကျင်ဖြစ်ပေါ်ခဲ့ကြောင်း ကမ္တာ့စျေးကွက် ပေါက်စျေးများအရ သိရသည်။

ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၈၈၅ ကျပ် (တစ် ဂါလန် ၄၀၂၃ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၈၉၅  ကျပ် (တစ်ဂါလန် ၄၀၆၈ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၇၉၀ ကျပ် (တစ်ဂါလန် ၃၅၉၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၉၅ ကျပ် (တစ်ဂါလန် ၄၀၆၈ ကျပ်) ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော စျေးနှင့်နှိုင်းယှဉ်ပါက စက် သုံးဆီစျေးနှုန်းများ တစ်လီတာ ကျပ် ၁၀၀ မှ ၁၁၅ ကျပ်အထိပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာစံချိန် တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ် ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက် ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့် ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီ ဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၇၃၀ (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သောပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန်လ (၂၁ ရက်အထိ)တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်း ခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ်ပြန်လည် မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက် မှ စက်တင်ဘာ ၂၅  ရက်အတွင်း တစ်လီ တာ ကျပ် ၇၀ အထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန် တက်ခဲ့ ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ် အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ၂၅ ကျပ်မှ ၃၅ ကျပ်အထိမြင့်တက် ခဲ့ပြီး နိုဝင်ဘာ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက် အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့ သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၉ ရက် အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်မှ ဖေဖော်ဝါ ရီ ၃ ရက်အတွင်း တစ်လီတာ ကျပ် ၁၀၀ မှ ၁၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။

Most Read

Most Recent