မင်္ဂလာတောင်ညွန့်မြို့နယ် ၉၂ လမ်း တွင် အသက် ၆၀ အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦး ခုနစ်ထပ်တိုက်တိုက်ပေါ်မှ ပြုတ်ကျ မှု ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီ ခွဲ ကျော်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၂ လမ်းတွင် လူတစ်ဦးတိုက်ပေါ်မှ ပြုတ်ကျကြောင်း သတင်းရသဖြင့်သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားခဲ့သည့် နေရာမှာ ၉၂ လမ်းရှိ အိမ်အမှတ် ၈၂ (၇)လွှာပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ပြုတ်ကျခဲ့သူမှာ အသက် ၆၀ ဝန်းကျင်ခန့် အမျိုးသမီးဖြစ်ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။
အမျိုးသမီးမှာ နေအိမ်တိုက်ခန်းနံဘေးရှိ ပြတင်းပေါက်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း တာဝန်ရှိသူများ ထံမှသိရသည်။
ပြုတ်ကျခဲ့သည့် အမျိုးသမီးမှာ အဆိုပါ နေအိမ်တွင် ဆွေမျိုးများနှင့်နေထိုင်သူဖြစ်ပြီး အဆိုပါနေအိမ်၌ နေထိုင်ခဲ့သည်မှာ ကြာမြင့် ပြီဖြစ်ကြောင်း သိရသည်။















