အင်တာမီလန်အသင်းထံသို့ ပေါင် (၁၇)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူနှင့် စပါးကစားသမားဟောင်း အဲရစ်ဆင်သည် စီးရီးအေတွင် ဈေးကွက်တန်ဖိုးအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့ကြောင်း သိရှိရသည်။
အင်တာမီလန်အသင်းထံသို့ ပေါင် (၁၇)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူနှင့် စပါးကစားသမားဟောင်း အဲရစ်ဆင်သည် စီးရီးအေတွင် ဈေးကွက်တန်ဖိုးအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့ကြောင်း သိရှိရသည်။
ကစားသမားများ၏ အပြောင်းအရွှေ့ဈေးကွက်တန်ဖိုးများကို စနစ်တကျ တွက်ချက်ဖော်ပြပေးနေသော ဝက်ဘ် ဆိုက်တစ်ခုဖြစ်သည့် Transfermarkt က အဲရစ်ဆင်၏ လက်ရှိဈေးကွက်ပေါက်ကြေးအား ပေါင် (၈၁)သန်း သတ်မှတ်ထားရာ အဲရစ်ဆင်သည် စီးရီးအေတွင် ဈေးကွက်တန် ဖိုးအမြင့်ဆုံးကစားသမားဖြစ်လာခဲ့ခြင်းဖြစ်သည်။
စပါးအ သင်းသည် အဲရစ်ဆင်အား စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဲရစ်ဆင်က လက်မခံခဲ့ခြင်းကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်မပေးရရန်အတွက် စာချုပ်သက်တမ်းကုန်ရန် (၆)လအလိုတွင် ပေါင် (၁၇)သန်းမျှဖြင့် ထွက်ခွင့်ပေးခဲ့ရခြင်းဖြစ်သည်။
အင်တာမီလန်အသင်းသည် အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေး ငွေပမာဏကို အလွန်နည်းပါးစွာပေးချေခဲ့ရသော်လည်း လစာငွေကိုမူ မြင့်မားစွာပေးချေခဲ့ရပြီး တစ်ပတ်လုပ်ခပေါင် (၃၂ဝဝဝဝ) အထိပေးချေသွားရမည်ဖြစ်သည်။
Transfermarkt ၏ တွက်ချက်မှုများအရ စီးရီးအေတွင် ယခင်က တန်ဖိုးအမြင့်ဆုံးကစားသမားမှာ ဂျူဗင်တပ်စ်အသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားဖြစ်ပြီး ဒီဘားလား၏ ဈေးကွက်တန်ဖိုးမှာ ပေါင် (၇၆.၅) သန်းအထိရှိနေသည်။
ယခုအခါ အဲရစ်ဆင်ရောက်ရှိလာပြီးနောက် ဒီဘားလားထက် ပေါင် (၄.၅)သန်းပိုများကာ ထိပ်ဆုံးရောက်ခဲ့ခြင်းဖြစ်ပြီး နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုမှာမူ ဈေးကွက်တန်ဖိုး ပေါင် (၆၇.၅)သန်း ဖြင့် အဆင့် (၄) နေရာတွင် ပူးတွဲရပ်တည်နေသည်။















