ဘင်ဖီကာအသင်းသည် ဒေါ့မွန်ကွင်းလယ်လူ ဝီဂယ်လ်အား ယူရိုသန်း (၂၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဘင်ဖီကာအသင်းသည် ဒေါ့မွန်ကွင်းလယ်လူ ဝီဂယ်လ်အား ယူရိုသန်း (၂၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သိရသည်။
အသက် (၂၄)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဝီဂယ်လ်သည် ဒေါ့မွန်အသင်းတွင် (၄)ရာသီခွဲကစားပြီးနောက် ဘင်ဖီကာအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
ဝီဂယ်လ်အား ခေါ်ယူရန် ပြင်သစ်ထိပ်သီး PSG အသင်းနှင့် စီးရီးအေထိပ်သီး အင်တာမီလန်အသင်းတို့က စိတ်ဝင်စားခဲ့ကြသော်လည်း ၎င်းက ဘင်ဖီကာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဒေါ့မွန်အသင်းသည် ဝီဂယ်လ်အား ဘင်ဖီကာအသင်းသို့ ရောင်းချရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း ၎င်းတို့၏ Twitter တွင် ကြေညာခဲ့သည်။
ဝီဂယ်လ်က "ဒေါ့မွန်အသင်းဖော်တွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒေါ့မွန်အသင်းဟာ ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမှာပါ"ဟု ပြောကြားခဲ့သည်။
ဝီဂယ်လ်သည် ဒေါ့မွန်အသင်းအတွက် ယခုရာသီတွင် ပြိုင်ပွဲစုံ ပွဲ (၂၀)အထိ ကစားထားပြီး (၁)ဂိုး သွင်းယူထားသည်။ ၎င်းသည် ဒေါ့မွန်အသင်းနှင့် (၄)ရာသီခွဲကြာလအတွင်း ဂျာမန်ပိုကယ်လ်ဖလားနှင့် ဂျာမန်စူပါဖလားတို့ကို ရရှိခဲ့ကြောင်း သိရသည်။