မန်ယူကွင်းလယ်လူ တွမ်မီနေး ဒူးဒဏ်ရာကြောင့် (၈)ပတ်ခန့် အနားယူရမည်

မန်ယူကွင်းလယ်လူ တွမ်မီနေး ဒူးဒဏ်ရာကြောင့် (၈)ပတ်ခန့် အနားယူရမည်
Photo: Getty Images
Photo: Getty Images
Published 31 December 2019

မန်ယူအသင်းကွင်းလယ်လူ တွမ်မီနေး သည် ဒူးဒဏ်ရာကြောင့် ရှစ်ပတ်ခန့်အနား ယူရမည်ဖြစ်သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်းကွင်းလယ်လူ တွမ်မီနေး သည် ဒူးဒဏ်ရာကြောင့် ရှစ်ပတ်ခန့်အနား ယူရမည်ဖြစ်သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

    

တွမ်မီနေးသည် နောက်ပိုင်းပွဲများတွင် အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ၎င်းဒဏ်ရာရရှိမှုက နည်းပြ ဆိုးလ်ရှားအတွက် ခေါင်းခဲစရာဖြစ်ခဲ့သည်။ 

ဆိုးလ်ရှားသည် အစောပိုင်းက တွမ်မီနေး၏ဒဏ်ရာကို (၄)ပတ်သာအနားယူရနိုင်သည်ဟု မျှော် လင့်ခဲ့သော်လည်း မန်ယူအသင်းဆေးအဖွဲ့က အသေးစိတ်စမ်းသပ်စစ်ဆေးပြီးနောက် (၈)ပတ်အထိ အနားယူရဖွယ်ရှိနေခြင်းလည်း ဖြစ်သည်။ 

မန်ယူအသင်းတွင် အဓိကကစားသမားတစ်ဦးဖြစ်သူ ပေါ့ဘာမှာ ခြေဖဝါးဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်သော်လည်း  ကြံ့ခိုင်မှုမပြည့်ဝခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁)ရက်၌ ကစားမည့် အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ရန်မသေချာကြောင်း သိရသည်။

အသက် (၂၃)နှစ်အရွယ်ရှိ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲ၌ (၃)ဂိုး သွင်းယူပေးထားသည်။

 

Most Read

Most Recent