တင်းနစ်ကစားဖော်များရွေးချယ်သည့် ATP Sportsmanship Award ကို နဒါးလ် နှစ်နှစ်ဆက်တိုက် ဆွတ်ခူး

တင်းနစ်ကစားဖော်များရွေးချယ်သည့် ATP Sportsmanship Award ကို နဒါးလ် နှစ်နှစ်ဆက်တိုက် ဆွတ်ခူး
Photos: ATP Tour
Photos: ATP Tour
Published 22 December 2019

ယင်းဆုသည် တစ်နှစ်အတွင်း ယှဉ်ပြိုင်ကစားသည့်ပြိုင်ပွဲများတွင် ပရော်ဖက်ရှင်နယ်ပီသမှု၊ ဂုဏ်သိက္ခာရှိမှု၊ မျှတသည့်စိတ်ထားရှိမှု၊ ကစားကွင်းပြင်ပတွင် တင်းနစ်အားကစားနည်းအပေါ် ပိုမိုစိတ်ဝင်စားလာစေရန် အထောက်အကူပြုနိုင်မှု စသည့် အချက်များအပေါ်မူတည်၍ ဆန်ခါတင်စာရင်းရွေးချယ်ကာ မဲပေးရခြင်းဖြစ်သည်။

 

ကမ္ဘာ့အဆင့် ၁ စပိန်တင်းနစ် ကစားသမား ရာဖေးလ်နဒါးလ်သည် တင်းနစ်ကစားဖော်များ ရွေးချယ်သည့် ATP Sportsmanship Award (အားကစားသမားပီသမှုဆု) ကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။

ATP Sportsmanship Award သည် ATP ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ကစားသမားများကိုယ်တိုင် မဲပေးရွေးချယ်သည့်ဆု ဖြစ်သောကြောင့် ဂုဏ်သိက္ခာကြီးမားသည့်ဆုအဖြစ် သတ်မှတ်ခံထားရသည်။ ယင်းဆုသည် တစ်နှစ်အတွင်း ယှဉ်ပြိုင်ကစားသည့်ပြိုင်ပွဲများတွင် ပရော်ဖက်ရှင်နယ်ပီသမှု၊ ဂုဏ်သိက္ခာရှိမှု၊ မျှတသည့်စိတ်ထားရှိမှု၊ ကစားကွင်းပြင်ပတွင် တင်းနစ်အားကစားနည်းအပေါ် ပိုမိုစိတ်ဝင်စားလာစေရန် အထောက်အကူပြုနိုင်မှု စသည့် အချက်များအပေါ်မူတည်၍ ဆန်ခါတင်စာရင်းရွေးချယ်ကာ မဲပေးရခြင်းဖြစ်သည်။

နဒါးလ်သည် ယင်းဆုကို နောက်ဆုံးနှစ်နှစ်ဆက်နှင့် ၂၀၁၀ ပြည့်နှစ်အပါအဝင် စုစုပေါင်း သုံးကြိမ်မြောက် ဆွတ်ခူးရယူနိုင်ခြင်း ဖြစ်သည်။ ယင်းဆုမှာ ဂရင်းစလင်း ချန်ပီယံဆု ခြောက်ကြိမ်ရရှိဖူးသည့် ဆွီဒင်ဂန္ထဝင် စတီဖန်အက်ဒ်ဘက်ကို ဂုဏ်ပြုချီးမြှင့်သည့်ဆုဖြစ်သောကြောင့် Stefan Edberg  Sportsmanship Award အဖြစ် လူသိများ ကြောင်း သိရသည်။

ထို့ပြင် နဒါးလ်သည် နှစ်ကုန်ကမ္ဘာ့အဆင့် ၁ နေရာ တွင် ရပ်တည်နိုင်သဖြင့် ချီးမြှင့်သည့် ATP တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့သည်။ ၎င်းသည် တစ်နှစ်တာအကောင်းဆုံးကစား သမားဆု ကို ငါးကြိမ်မြောက် (၂၀၀၈၊ ၂၀၁၀၊ ၂၀၁၃၊ ၂၀၁၇၊ ၂၀၁၉) ရရှိခြင်းလည်း ဖြစ်သည်။



၂၀၁၉ ခုနှစ်အတွက် ဆုရရှိသူများ

အကောင်းဆုံးဆု - နဒါးလ် (စပိန်)

နှစ်ယောက်တွဲဆု - ကာဘယ်လ်၊ ဖာရာ

                            (ကိုလံဘီယာ)

နည်းပြဆု - ဆာဗာရာ (ပြင်သစ်)

အတိုးတက်ဆုံးဆု - ဘာရက်တီနီ (အီတလီ)

မျက်နှာသစ်ကစားသမားဆု - ဆင်နာ(အီတလီ)

တစ်ကျော့ပြန်ကစားသမားဆု - မာရေး(ဗြိတိန်)

ပရိသတ်စိတ်ကြိုက်ဆု - ဖက်ဒါရာ(ဆွစ်ဇာလန်)

နှစ်ယောက်တွဲပရိသတ်စိတ်ကြိုက်ဆု - ဘော့ဘရိုင်ယန်၊ မိုက်ဘရိုင်ယန်(အမေရိကန်)

Sportsmanship  ဆု -  နဒါးလ် (စပိန်)

လူသားချင်းစာနာမှုဆု - အန်ဒါဆန် (တောင်အာဖရိက)

အကောင်းဆုံးပြိုင်ပွဲဆု - အင်ဒီးယန်းဝဲလ် (မာစတာ ၁၀၀၀)၊ Acapulco (ATP 500)၊Doha (ATP 250)

 

 

Most Read

Most Recent