၂၀၂၄ ခုနှစ် Ballon d'Or ဆုကို ဗင်နီစီယပ်စ် ရရှိလိမ့်မည်ဟု နာမည်ကျော် ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာ ပြောကြား

၂၀၂၄ ခုနှစ် Ballon d'Or ဆုကို ဗင်နီစီယပ်စ် ရရှိလိမ့်မည်ဟု နာမည်ကျော် ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာ ပြောကြား
Photo: X
Photo: X
Published 16 October 2024

 

၂၀၂၄ ခုနှစ် Ballon d'Or ဆုအတွက် သူ၏လက်ရွေးစင်အသင်းဖော် ဗင်နီစီယပ်စ် ရရှိလိမ့်မည်ဟု နာမည်ကျော် ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာက ထောက်ခံမှုများ ပြုလုပ်ခဲ့သည်။

နေမာသည် ၁၇ နှစ်အတွင်း ဘရာဇီးလ် ကစားသမားများထဲမှ ပထမဆုံး Ballon d'Or ဆုရှင်အဖြစ် ဗင်နီစီယပ်စ်ကို မျှော်လင့်ထားကြောင်း ဝန်ခံခဲ့သည်။ 

Ballon d'Or ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဗင်နီစီယပ်စ် သည် စပိန်ကွင်းလယ်လူ ရိုဒရီနှင့် အပြိုင်ဖြစ်နေသော်လည်း ၎င်းမှာ အပြတ်အသတ်အလေးသာလျက်ရှိသည်။ 

"ကျွန်တော်တို့မှာ အံ့အားသင့်စရာ ဆက်ဆံရေးရှိပါတယ်။ ဗင်နီကို ကျွန်တော် ချစ်ပါတယ်။ သူဟာ ဘောလုံးက မိတ်ဆက်ပေးတဲ့ မိတ်ဆွေကောင်းတစ်ဦးပါပဲ။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ သူ့အတွက် Ballon d'Or ဆုရဖို့ဆိုတာ သေချာနေပါလိမ့်မယ်။ ကျွန်တော့်အဖို့တော့ သူကလွဲပြီး ဘယ်သူမှ မရှိနိုင်ပါဘူး"ဟု ဘရာဇီးလ်အသင်း၏ဂိုးသွင်းအများဆုံးကစားသမား နေမာက ပြောကြားခဲ့သည်။ 

Most Read

Most Recent