ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က လန်ဒန်ဒါဘီပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့် စပါးအသင်းနည်းပြ မော်ရင်ဟိုသည် မိမိအပေါ် လွှမ်းမိုးမှုရှိသော်လည်း ၎င်း၏ကိုယ်ပွားမဖြစ်လိုကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က လန်ဒန်ဒါဘီပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့် စပါးအသင်းနည်းပြ မော်ရင်ဟိုသည် မိမိအပေါ် လွှမ်းမိုးမှုရှိသော်လည်း ၎င်း၏ကိုယ်ပွားမဖြစ်လိုကြောင်း ပြောကြားခဲ့သည်။
စပါးနှင့် ချယ်လ်ဆီးအသင်းသည် လန်ဒန်ဒါဘီပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးကွင်း၌ ယနေ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် လမ်းပတ်က "သူက ပင်ကိုထူးချွန်တဲ့ အရည်အသွေး အများကြီးပိုင်ဆိုင်ထားတဲ့ နည်းပြကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ သူ့လက်အောက်မှာကစားတုန်းက အသေးစိတ် သင်ကြားခဲ့တာမျိုးမရှိပါဘူး။ ကျွန်တော်က သူ့ရဲ့ကိုယ်ပွားတစ်ယောက်ဖြစ်လာအောင် ကြိုးစားမှာ မဟုတ်ပါဘူး။ ဟိုဆေးနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတာကို ပျော်ပါတယ်။ သူ့လက်အောက်မှာ ကစားခဲ့ချိန်မှာ သူက ကျွန် တော့်ကစားသမားဘဝအတွက် လွှမ်းမိုးမှု အများကြီးရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို အမြဲတမ်းလေးစားမှုရှိနေမှာပါ။ ဒီပွဲ တွေ့ဆုံမှုက ပြီးခဲ့တဲ့ရာသီတုန်းက ဒါဘီ-မန်ချက်စတာယူနိုက်တက်ပွဲထက် ပြိုင်ဆိုင်မှုရော အဆင့်အတန်းပါ ပိုမြင့်မှာပါ" ဟု ပြောကြားခဲ့သည်။
လမ်းပတ်နှင့် မော်ရင်ဟိုသည် ပြီးခဲ့သည့်ရာသီက လိဂ်ဖလားပြိုင်ပွဲ တတိယအဆင့်၌ တွေ့ဆုံခဲ့ဖူးပြီး လမ်းပတ်၏ ဒါဘီအသင်းက မော်ရင်ဟို၏ မန်ယူအသင်းကို အဝေးကွင်း၌ ပယ်နယ်တီဖြင့် အနိုင်ရခဲ့သည်။