ဧရာဝတီတိုင်းဒေသကြီး၌ တရားမဝင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် မြေတိုင်းစာရေးတို့အား စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေး အရေးယူမည်

ဧရာဝတီတိုင်းဒေသကြီး၌ တရားမဝင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် မြေတိုင်းစာရေးတို့အား စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေး အရေးယူမည်
Published 19 December 2019
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ နယ် ငရုတ်ကောင်းမြို့၌ တရားမဝင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အရောင်းအဝယ်ပြုလုပ်နေမှုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး အချို့နှင့် မြေတိုင်းစာရေးအချို့ ပါဝင်ပတ် သက်နေမှုအပေါ် တိုင်းဒေသကြီးအစိုးရအ ဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးအ ရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ် တော် ၂၀ ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင် ငပုတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဖြိုးဇော်ရွှေက မြေလွတ်၊ မြေလပ်၊ မြေရိုင်း များရောင်းဝယ်မှုအပေါ် မည်ကဲ့သို့ စီမံဆောင် ရွက်ပြီး ရောင်းဝယ်မှုတွင်ပါဝင်သော အုပ်ချုပ် ရေးမှူး၊ မြေတိုင်းစာရေးများကို မည်ကဲ့သို့အရေးယူဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးခွန်းမေးမြန်းမှုအပေါ် အစိုးရအဖွဲ့ကိုယ်စား စီမံကိန်နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း က ပြန်လည် ဖြေကြားရာတွင် ယခုကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

“မြေလွတ် မြေလပ်နဲ့ မြေရိုင်းများကို ဒေသခံပြည်သူတွေက တရားဝင်စိုက်ပျိုးလုပ် ကိုင်ခွင့်ရရှိရေးအတွက် လျှောက်ထားဆောင် ရွက်နေကြပါတယ်။ တရားဝင်ပိုင်ဆိုင်ခွင့် မရှိတဲ့ နိုင်ငံပိုင်လယ်ယာမြေတွေကို မည်သူမျှ အရောင်းအဝယ် ပြုလုပ်၍ မရပါဘူး။ တရားမ ဝင်ရောင်းဝယ်နေကြတဲ့ကိစ္စရပ်များအတွက် မြေတိုင်းစာရေးများ ပါဝင်ပတ်သက်မှု မရှိစေ ရေးအတွက်လည်း လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေမှာ အကြိမ်ကြိမ်တရားဝင်မှာ ကြားထားပြီးဖြစ်ပါတယ်။ တရားဝင်ပိုင်ဆိုင် ခွင့်မရှိတဲ့ နိုင်ငံပိုင်မြေလွတ်မြေလပ်မြေရိုင်း များနဲ့ ရောင်းဝယ်မှုတွေမှာ မြေတိုင်းစာရေး များပါဝင်မှုမရှိစေရေး အထူးကြပ်မတ်ဆောင် ရွက်လျက်ရှိတဲ့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို တရားမဝင်ရောင်းဝယ်ခြင်းမှာ ဌာနတွေက ပါဝင်ပတ်သက်မှုရှိနေခဲ့ရင် သက် ဆိုင်ရာစည်းမျဉ်းစည်းကမ်းဥပဒေများနဲ့ အ ညီအရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခု ငရုတ်ကောင်းမြို့နယ် မိုးတိမ်ပြင်ကျေး ရွာအုပ်စုမှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ မြေတိုင်းစာရေးတို့ပါဝင် ပတ်သက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ယခုဒီဇင် ဘာ ၃ရက် နေ့စွဲပါစာဖြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို သီးခြားဖွဲ့စည်းပြီးတော့ တာဝန်ပေး အပ်ပြီးဖြစ်ပါတယ်။ ကွင်းဆင်းစစ်ဆေးချက် အရ ဝန်ထမ်းများ ပါဝင်ပတ်သက်ကျူးလွန်မှု တွေကို တွေ့ရှိရလျှင် ဆက်လက်ပြီးတော့ ထိ ရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ် တဲ့အကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်” ဟု ဝန်ကြီး ဦးဌေးဝင်းက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက လွှတ်တော်အတွင်း မေးမြန်းရာတွင်မူ “မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ အရောင်းအဝယ်ပြုလုပ်မှုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ မြေတိုင်းစာရေးများ ပါဝင်ပတ်သက်နေကြ ပါတယ်။ ဥပမာကို ပြရလျှင် ငရုတ်ကောင်းမြို့ မိုးတိမ်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြေ တိုင်းစာရေးတို့ ပါဝင်ပတ်သက်နေကြပါတယ်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ အရောင်းအ ဝယ်ပြုလုပ်ရန်အတွက် စရန်ငွေများပေးချေ ရာတွင် ၎င်းင်းတို့ကိုယ်တိုင်ပါဝင်ပတ်သက်နေ ကြပါတယ်။ ဒေသခံပြည်သူများအား စရန်ငွေ ပေးချေရာတွင် တစ်သိန်းမှ သိန်းတစ်ရာထိရှိ ပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်  ဥပဒေကို လေးစားလိုက်နာရမည့်အစား ဥပဒေကို ချိုးဖောက်နေသည်ကို တွေ့ရမှာဖြစ် ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ငရုတ်ကောင်းမြို့အနီးတွင် အပန်းဖြေစခန်းစီမံကိန်းများနှင့် ရေနက်ဆိပ်ကမ်းစသည့် စီမံကိန်းများတည်ဆောက်မည့် သတင်းများကြောင့် ငရုတ်ကောင်းမြို့အနီးရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများမှာ ဒေသပေါက်စျေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။

 

 

Most Read

Most Recent