၀ါဒါဘရီမင် နှင့် မိန့်ဇ် (အင်္ဂါည ၁၂းဝ၀ နာရီ)
အမှတ်ပေးဇယား အထက်အောက်ရပ်တည်နေတဲ့ (၂) သင်း တွေ့ဆုံကြတာဖြစ်ပြီး တန်းဆင်းဇုန်နဲ့ဝေးရာရုန်းမယ့် ၀ါဒါ ဘရီမင်ပဲ အနိုင်ရဖို့များတယ်။
ဒေါ့မွန် နှင့် လိုက်ပ်ဇစ် (ဗုဒ္ဓဟူးနံနက် ၂းဝ၀ နာရီ)
လိုက်ပ်ဇစ်အသင်းက (၆)ပွဲဆက်နိုင်ပြီး အကောင်းဆုံး အနေအထားရောက်နေတယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်အနိုင်ရခဲ့တဲ့ (၆)သင်းမှာ ဟော်ဖန်ဟင်မ်တစ်သင်းလောက်ပဲ မာကျောတဲ့ ပြိုင်ဘက်စာရင်းထဲ ထည့်လို့ရမယ်ထင်တယ်။ ရာသီအစပိုင်း က ဖရန့်ဖတ်၊ မိုချန်ဂလာဘတ်အသင်းတို့ကို အနိုင်ကစားခဲ့ပေ မယ့် နောက်ပိုင်း ဘိုင်ယန်၊ ဒေါ့မွန်၊ လေဗာကူဆင်၊ ဝုလ်ဖ်ဘတ် အသင်းတို့လို ပြိုင်ဘက်ကောင်းတွေနဲ့တွေ့ဆုံမှု (၄)ပွဲဆက် နိုင်ပွဲပျောက်ထားတာ သတိပြုရမှာပါ။ ဒေါ့မွန်က နိုင်ပွဲတွေပြန် ဆက်နေပြီး ယုံကြည်မှုရလာတာတွေ့ရတယ်။ မာကိုရွိုက်စ်၊ သော်ဂန်ဟာဇက်၊ ဆန်ချိုတို့ကလည်း နောက်ပိုင်းပွဲတွေမှာ ပွဲ တိုင်းနီးပါး ဂိုးမြူးနေလို့ လိုက်ပ်ဇစ်ခံစစ်အဖို့ ဖိအားပိုများနိုင် တယ်။ ဒီရာသီ အိမ်ကွင်း(၇)ပွဲမှာ (၅)ပွဲအထိနိုင်ပြီး ရှုံးပွဲမရှိ သေးတဲ့ ဒေါ့မွန်ကို ပိုကြိုက်တယ်။
အော့စ်ဘတ် နှင့် ဒစ်ဆယ်ဒေါ့ဖ် (ဗုဒ္ဓဟူးနံနက် ၂းဝ၀ နာရီ)
ဒစ်ဆယ်ဒေါ့ဖ်ကတော့ ပွဲကျပ်ကာလမှာ (၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့တယ်။ အော့စ်ဘတ်အသင်းပဲ နိုင်ပွဲဆက်ဖို့ များတယ်။
အူန်ယွန်းဘာလင် နှင့် ဟော်ဖန်ဟင်မ် (ဗုဒ္ဓဟူးနံနက် ၂းဝ၀ နာရီ)
ဟော်ဖန်ဟင်မ်က (၄)ပွဲဆက်နိုင်ပွဲပျောက်ပြီး ရလဒ်ပိုင်း ယိုင်သွားတယ်။ အိမ်ကွင်းနိုင်ပွဲဆက်ထားတဲ့ အူန်ယွန်းဘာလင် အမှတ်ရမှာပါ။