ရေကြီးနစ်မြုပ်မှုများကြောင့် ဝင်းနိုင်ထွန်း၏ ချင်းရိုင်အသင်းပွဲများ ရွှေ့ဆိုင်းထားရ

ရေကြီးနစ်မြုပ်မှုများကြောင့် ဝင်းနိုင်ထွန်း၏ ချင်းရိုင်အသင်းပွဲများ ရွှေ့ဆိုင်းထားရ
Photo: CUFC
Photo: CUFC
Published 23 September 2024

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း သွားရောက်ကစားနေသည့် ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းသည် ရေကြီးနစ်မြုပ်မှုများကြောင့် ကစားရမည့်ပွဲစဉ်များကို ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

တိုင်ဖွန်းရာဂိမုန်တိုင်းကြောင့် အရှေ့တောင်အာရှဒေသတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေလျက်ရှိပြီး ထိုင်းနိုင်ငံတွင်လည်း ခရိုင် ၆ ခရိုင်၌ ရေဘေးဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိသည်။

ယင်းခရိုင် ၆ ခရိုင်တွင် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း သွားရောက်ကစားနေသည့် ချင်းရိုင်ယူနိုက်တက်အသင်း၏ ချင်းရိုင်ခရိုင်လည်း ပါဝင်နေလျက်ရှိသည်။

ဝင်းနိုင်ထွန်း၏ ချင်းရိုင်ယူနိုက်တက်အသင်း အိမ်ကွင်းဖြစ်သည့် လီယိုချင်းရိုင်အားကစားကွင်းအပါအဝင် ကစားသမားများ၏ နားနေခန်း၊ ကိုယ်လက်လေ့ကျင့်ရေးခန်းမများ အစရှိသည့် အသင်း၏အဆောက်အဦများအတွင်းသို့ ရေများဝင်ရောက်နေသောကြောင့် ကစားရမည့်ပွဲများကို ရွှေ့ဆိုင်းထားရခြင်းဖြစ်ကြောင်း သိရသည်။

ချင်းရိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်က ပရာချွတ်အသင်းနှင့် သရေကျခဲ့သည့်ပွဲကို နောက်ဆုံးကစားထားပြီး  စက်တင်ဘာ ၂၉ ရက်မှသာ ပွဲပြန်ကစားရန် စီစဉ်ထားကာ လက်ရှိတွင်မူ အသင်းမှာ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။ 

Most Read

Most Recent