နေမာသည် ဘာစီလိုနာအသင်း နှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုပြီး တစ်နှစ်မပြည့်မီ ၂၀၁၇ ခုနှစ် သြဂုတ်တွင် ပြင်သစ်ကလပ် PSG အသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခြင်းဖြစ်သည်။ ထိုစဉ်ကတည်းက ဘာစီလိုနာအသင်းနှင့် နေမာတို့ အကြား အငြင်းပွားမှုပြဿနာဖြစ်ပွားလျက်ရှိပြီး ၎င်းက ယူရို ၃ ဒသမ ၂ သန်းရရှိရန် မကြာသေးမီက ထပ်မံ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်အခြေစိုက် AFP သတင်းဌာနက ဖော်ပြခဲ့သည်။
PSG အသင်း၏ ဘရာဇီးလ် လက်ရွေးစင်တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်း၌ကစားစဉ် နောက်ဆုံးလစာအတွက် ယူရို ၃ ဒသမ ၂ သန်းရရှိရန် ကျန်ရှိနေသဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။
နေမာသည် ဘာစီလိုနာအသင်း နှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုပြီး တစ်နှစ်မပြည့်မီ ၂၀၁၇ ခုနှစ် သြဂုတ်တွင် ပြင်သစ်ကလပ် PSG အသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခြင်းဖြစ်သည်။ ထိုစဉ်ကတည်းက ဘာစီလိုနာအသင်းနှင့် နေမာတို့ အကြား အငြင်းပွားမှုပြဿနာဖြစ်ပွားလျက်ရှိပြီး ၎င်းက ယူရို ၃ ဒသမ ၂ သန်းရရှိရန် မကြာသေးမီက ထပ်မံ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်အခြေစိုက် AFP သတင်းဌာနက ဖော်ပြခဲ့သည်။
စပိန်နိုင်ငံထုတ် El Mundo သတင်းစာကလည်း နေမာ၏ တရားစွဲဆိုမှုအကြောင်း ရေးသားဖော်ပြခဲ့ပြီး ၎င်းသည် PSG အသင်းသို့မပြောင်းရွှေ့မီ ၂၀၁၇ ခုနှစ် ဇူလိုင်အတွက်လစာ ယူရို ၃ ဒသမ ၂ သန်းရရှိလိုမှုဖြင့် တရားစွဲ ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းအနေဖြင့် ၎င်းရရှိမည့်လစာကို မပေးဘဲထားရန် ဆုံးဖြတ်ခဲ့သောကြောင့် နေမာက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နေမာနှင့် ဘာစီလိုနာအသင်းသည် ဆုကြေးပြဿနာအတွက် အပြန်အလှန်တရားစွဲဆိုမှု ပြုလုပ်ထားကြောင်းလည်း သိရသည်။
နေမာသည် ဘာစီလိုနာအသင်း၌ ၂၀၂၁ ခုနှစ်အထိ ဆက်လက်ကစားမည့် သက်တမ်းတိုးစာချုပ်ကို ၂၀၁၆ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း တစ်နှစ်မပြည့်မီ အသင်းပြောင်းရွှေ့ သွားသောကြောင့် ၎င်းရရှိမည့် ဆုကြေးကို အပြည့်အဝပေးချေခြင်းမပြု ရန် ဘာစီလိုနာအသင်းက ဆုံးဖြတ်ခဲ့သည်။ သို့ဖြစ်ရာ နေမာက ဆုကြေး ယူရို ၆၄ ဒသမ ၄ သန်းကို အပြည့် အဝရရှိလိုသဖြင့် ဘာစီလိုနာအသင်းကို တရားစွဲဆိုခဲ့ပြီး စက်တင်ဘာတွင် တရားရုံးက ကြားနာစစ်ဆေးခဲ့သော်လည်း အပြီးသတ်ဆုံးဖြတ်ချက်မချရသေးကြောင်း သိရသည်။
ဘာစီလိုနာအသင်းကလည်း ၎င်းအတွက် ပထမအရစ်ပေးချေမှုအဖြစ် ယူရို ၂၀ ဒသမ ၇၅ သန်းပေး ချေထားပြီးဖြစ်သလို တစ်နှစ်မပြည့် မီ ထွက်ခွာသွားသဖြင့် လက်ကျန်ပမာဏကို ထပ်မပေးရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် ဘာစီလိုနာအသင်းသည် စာချုပ်အပေါ် လေးစားမှုမရှိသည့်လုပ်ရပ်အတွက် ကနဦးပေးချေထားသည့် ယူရို ၂၀ ဒသမ ၇၅ သန်း ပြန်လည်ရရှိလိုမှုဖြင့် တုံ့ ပြန်တရားစွဲဆိုထားကြောင်း သိရသည်။ နေမာသည် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလတွင် PSG အသင်းမှ ဘာစီလိုနာသို့ ပြန်လည် ပြောင်းရွှေ့ခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေသဖြင့် ပျက်ပြယ်ခဲ့ရသည်။