မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဆီးဂိမ်းစ်တွင် တစ်ဦးချင်းပြိုင်ပွဲတစ်ခုသာ ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဆီးဂိမ်းစ်တွင် တစ်ဦးချင်းပြိုင်ပွဲတစ်ခုသာ ဝင်ရောက်ယှဉ်ပြိုင်မည်
Photos: THET HTAR Thuzar Facebook,AFP
Photos: THET HTAR Thuzar Facebook,AFP
Published 4 December 2019

သက်ထားသူဇာသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားသော်လည်း မုန်တိုင်းကြောင့် မနီလာမြို့ရှိ လေဆိပ်ကို နာရီပေါင်းများစွာ ပိတ်ထားခဲ့ရာ Transit နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။ ဖိလစ်ပိုင်အစိုးရသည် လေဆိပ်ကို ဒီဇင်ဘာ ၃ ရက် နံနက်အစောပိုင်းကတည်းက ပိတ်ထားခဲ့ရာ ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် လာရောက်မည့် အားကစားအဖွဲ့များမှာ ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့သည်။

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲတစ်မျိုးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်းစ် ကြက်တောင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သက်ထားသူဇာနှင့်အတူ တွယ်တာဦးလည်း ယှဉ်ပြိုင်မည်ဖြစ်သည်။

သက်ထားသူဇာသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားသော်လည်း မုန်တိုင်းကြောင့် မနီလာမြို့ရှိ လေဆိပ်ကို နာရီပေါင်းများစွာ ပိတ်ထားခဲ့ရာ Transit နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။ ဖိလစ်ပိုင်အစိုးရသည် လေဆိပ်ကို ဒီဇင်ဘာ ၃ ရက် နံနက်အစောပိုင်းကတည်းက ပိတ်ထားခဲ့ရာ ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် လာရောက်မည့် အားကစားအဖွဲ့များမှာ ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့သည်။ သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး တစ်ဦးချင်းပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ခရီးစဉ်ကြန့်ကြာမှု များကြောင့် အခက်တွေ့ဖွယ်ရှိနေသည်။

သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ် တွင် ကျင်းပမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အိန္ဒိယနိုင်ငံ၌ ကျင်းပခဲ့သည့်ပြိုင်ပွဲနှစ်ခုတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သက် ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် သတ်မှတ်ထားသည့် အဆင့်ရရန် လိုအပ်နေသောကြောင့် ကမ္ဘာ့အဆင့် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

သက်ထားသူဇာသည် ဆီးဂိမ်းစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၃ ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။  အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ ကမ္ဘာ့အဆင့်ရှိသောကြောင့် သက်ထားသူဇာအနေဖြင့် အောင်မြင်မှုရရန် ရုန်းကန်ရ ဖွယ်ရှိနေသည်။

 

Most Read

Most Recent