ကစားသမားများ အစားအသောက် အဆင်ပြေစေရန် MFF ဆောင်ရွက်ပေးမည်

ကစားသမားများ အစားအသောက် အဆင်ပြေစေရန် MFF ဆောင်ရွက်ပေးမည်
Photos : Nyi Nyi Soe Nyunt
Photos : Nyi Nyi Soe Nyunt
Published 26 November 2019

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်းများ အစားအသောက်အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

''ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ အမျိုးသားရော အမျိုးသမီး (၂)သင်းစလုံး အစားအသောက်အဆင်ပြေအောင် အဖွဲ့ချုပ်က ချက်ကျွေးမှာပါ။ နိုဝင်ဘာ (၂၆)ရက်ကစပြီး ပြိုင်ပွဲပြီးတဲ့အထိ ကိုယ်ပိုင်အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာပါ''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Eleven Sports သို့ ပြောကြားခဲ့သည်။ 

မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ တည်းခိုသည့် ဟိုတယ် (၂) ခုမှာ (၄၉) ကီလိုမီတာ ကွာဝေးပြီး (၁) နာရီနီးပါးသွားလာရမည်ဖြစ်ကြောင်း သိရသည်။ 

Whitehoods ဟိုတယ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် အမျိုး သမီးဘောလုံးအသင်းအားလုံးကို ထားရှိခြင်းဖြစ်ပြီး မြန်မာအသင်းမှာ အစားအသောက်အဆင်မပြေမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

''သူတို့ကျွေးတဲ့ အစားအသောက်က ကျွန်တော်တို့ ဘယ်လိုမှ စားလို့အဆင်မပြေပါဘူး။ ဘူဖေးကျွေးပေမယ့် အစားအသောက်က စားလို့အဆင်မပြေတာပါ။ အစားအသောက်အဆင်မပြေတာက ကျွန်တော်တို့တင် မဟုတ်ပါဘူး။ တခြားအသင်းတွေလည်း ဒီလိုပါပဲ။ ထိုင်းတို့၊ မလေးရှားတို့ကတော့ ကိုယ်ပိုင်အစီအစဉ်နဲ့ ကျွေးနေပါပြီ။ ကျွန်တော်တို့ကိုလည်း MFF က နိုဝင်ဘာ (၂၆) ရက်ကစပြီး နေ့လယ်စာရော ညစာပါ စီစဉ်ပေးမယ်ဆိုတော့ အဆင်ပြေသွားပါပြီ''ဟု နည်းပြဦးဝင်းသူမိုးက Eleven Sports သို့ ပြောကြားခဲ့သည်။

 

Most Read

Most Recent