၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်းလှည့်လည်သုံးစွဲနေသောငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၉ ခုနှစ် မတ် တွင် ကျပ် ၁၄၅၅၀ ဘီလျံကျော်ရှိကာ လက်ရှိအစိုးရလက်ထက် သုံးနှစ်အတွင်း ကျပ် ၂၇၇၉ ဘီလျံကျော်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin(2019 Volume I) အရ သိရသည်။
၂၀၁၆ ခုနှစ် မတ်မှ ၂၀၁၉ ခုနှစ်မတ် အထိ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူတန်ဖိုးမှာ ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၁၁၇၇၁ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဇွန်တွင် ကျပ် ၁၁၁၂၇ ဘီလျံ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၁၃၄၉ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၁၆၈၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၁၃၀၆၃ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၂၁၆၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၂၂၂၇ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ တွင် ကျပ် ၁၂၆၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၄၁၈၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၃၀၄၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၆၅၂ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၃၈၈၄ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ၁၄၅၅၀ ဘီလျံရှိပြီး သုံးနှစ် အတွင်း မြန်မာနိုင်ငံအတွင်း လှည့် လည်သုံး စွဲနေသော ငွေစက္ကူတန်ဖိုး ကျပ် ၂၇၇၉ ဘီလျံ ကျော်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin(2019 Volume I) အရ သိရသည်။
နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့် များ) မှာ Cash and Cash Equivalents ကျပ် ၁၇၁၉ ဘီလျံ၊ ရွှေ ကျပ် ၃၅၀ ဘီလျံ၊ Placement with Foreign Banks ကျပ် ၃၇၆၁ ဘီလျံ၊ Deposit with Local Banks ကျပ် ၆၂၄ ဘီလျံ၊ IMF Related Assets ကျပ် ၂၉၈၂ သန်း၊ Other Assets (foreign) ကျပ် ၅၂၃၉ သန်း၊ Domestic Securities ကျပ် ၁၂၂၃၄ ဘီလျံ၊ Loans to Bank ကျပ် ၁၃၁ သန်း၊ Property, Plant and Equipment ကျပ် ၁၄ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၉ ဘီလျံ၊ စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်သည်။
နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်း တမ်းအရ ၂၀၁၉ ခုနှစ် မတ်လ၌ နိုင်ငံ တော်ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင် ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၂၃၂၆ ဘီလျံ၊ ရွှေ ကျပ် ၄၆၀ ဘီလျံ၊ Placement with Foreign Banks ကျပ် ၅၃၇၅ ဘီလျံ၊ Foreign Securities ကျပ် ၅၆၄ ဘီလျံ၊ Deposit with Local Banks ကျပ် ၇၈၀ ဘီလျံ၊ IMF Related Assets ကျပ် ၄ ဒသမ ၄၈၇ ဘီလျံ၊ Other Assets (Foreign) ကျပ် ၁ ဒသမ ၇၂၁ ဘီလျံ၊ Domestic Securities ကျပ် ၁၄၃၄၆ ဘီလျံ၊ Loans to Bank ကျပ် ၇၆ ဒသမ ၃၆၁ ဘီလျံ၊ Property, Plant and Equipment ကျပ် ၁၅ ဒသမ ၀၁၆ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၄ ဘီလျံ၊ စုစုပေါင်း ကျပ် ၂၄၀၈၆ ဒသမ ၁၄၉ ဘီလျံဖြစ်သည်။
နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Liabilities (ပေးရန် တာဝန်များ) မှာ Bank Deposits (Foreign)ကျပ် ၈၄၅ ဘီလျံ၊ Foreign Institutions Deposits ကျပ် ၂၉၃ သန်း၊ IMF Related Liabilities ကျပ် ၄၂၁ ဘီလျံ၊ Other Liabilities (Foreign) ကျပ် ၁၇၄ သန်း၊ Government Deposits ကျပ် ၄ ဘီလျံ၊ Bank Deposits (Domestics) ကျပ် ၃၀၆၆ ဘီလျံ၊ Other Deposits ကျပ် ၃၇၀ ဘီလျံ၊ Other Liabilities (Domestics) ကျပ် ၂၆၀ ဘီလျံ၊ မြန်မာနိုင်ငံအတွင်း လှည့် လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Circulation) ကျပ် ၁၁၇၇၁ ဘီလျံ၊ Equity and Reserves ကျပ် ၂၂၄၄ ဘီလျံရှိပြီး စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်သည်။
နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၉ ခုနှစ် မတ်လ၌ နိုင်ငံတော်ဗဟိုဘဏ်တွင်ရှိသော Liabilities (ပေးရန်တာဝန်များ) မှာ Bank Deposits (Foreign) ကျပ် ၁၁၅၀ ဘီလျံ၊ Foreign Institutions Deposits ကျပ် ၃၆၆ သန်း၊ Borrowing From Foreign Institutions ကျပ် ၂၁၁ သန်း၊ IMF Related Liabilities ကျပ် ၅၂၂ ဘီလျံ၊ Other Liabilities (Foreign) ကျပ် ၁၀၅ သန်း၊ Government Deposits ကျပ် ၃၂၁ ဘီလျံ၊ Bank Deposits (Domestics) ကျပ် ၂၆၄၄ ဘီလျံ၊ Other Deposits ကျပ် ၁၅၀ ဘီလျံ၊ Other Liabilities (Domestics) ကျပ် ၂၀၈ ဘီလျံ၊ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Circulation) ကျပ် ၁၄၅၅၀ ဘီလျံ၊ Equity and Reserves ကျပ် ၄၅၃၆ ဘီလျံရှိပြီး စုစုပေါင်း ကျပ်၂၄၀၈၆ ဒသမ ၁၄၉ ဘီလျံဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ထုတ်ပြန်သည့် Quarerly Financial Statistics Bulletin (2019 Volume I) အရ သိရသည်။















