မွန်ပြည်နယ် ကျိုက္ခမီမြို့ ဓမ္မစေတီအောင်သုခရပ်ရှိ ပင်လယ်ကမ်းသည် ဆယ်စုနှစ်အတွင်း ပေ ၅၀ နီးပါး ကမ်းပြိုနေရာ မြို့ဆက်လက်တည်ရှိစေရန် ထိန်းသိမ်းကာကွယ်ရန်လိုအပ်ဟုဆို

မွန်ပြည်နယ် ကျိုက္ခမီမြို့ ဓမ္မစေတီအောင်သုခရပ်ရှိ ပင်လယ်ကမ်းသည် ဆယ်စုနှစ်အတွင်း ပေ ၅၀ နီးပါး ကမ်းပြိုနေရာ မြို့ဆက်လက်တည်ရှိစေရန် ထိန်းသိမ်းကာကွယ်ရန်လိုအပ်ဟုဆို
ကျိုက္ခမီမြို့ ဓမ္မစေတီအောင်သုခရပ်ရှိ ပင်လယ်ကမ်းပြိုမှုကို တွေ့ရစဉ်
ကျိုက္ခမီမြို့ ဓမ္မစေတီအောင်သုခရပ်ရှိ ပင်လယ်ကမ်းပြိုမှုကို တွေ့ရစဉ်
Published 15 November 2019
မောင်မောင်ရွွှေမြိုင်

မွန်ပြည်နယ် ကျိုက္ခမီမြို့ ဓမ္မစေတီ အောင်သုခရပ်ရှိ ပင်လယ်ကမ်းတို့သည် ဆယ်စုနှစ်အတွင်း လှိုင်းရိုက်ခတ်တိုက်စားမှုကြောင့် ပေ ၅၀ နီးပါး ကမ်းပြိုမှုှုဖြစ်ပေါ်ခဲ့ရာ မြို့မြေနေရာဆက်လက်တည်ရှိစေရန် ဒေသ ခံများက ကမ်းခြေထိန်းသိမ်းရေးဆောင်ရွက်လိုအပ်ကြောင်း ဒေသခံများထံမှ သိရသည်။

“လွန်ခဲ့တဲ့၁၃/၁၄နှစ်လောက် ဗိုလ်ချုပ် သာအေးလက်ထက် ကျိုက္ခမီကမ်းကနေ စက်စဲအထိ ကမ်းခြေကားလမ်းဖောက်ဖို့လုပ်တဲ့အခါ အိမ်ရှေ့လမ်းကို ပေ ၄ဝဖောက်ပြီး ခြံနဲ့ ပလက်ဖောင်း ၁၀ ပေကွာတယ်။ အခုကြည့် ရင် ကားလမ်းရော ပလက်ဖောင်းပါကမ်းပြိုကုန်ပြီ။ ဒါက ၁၀ နှစ်ကျော်လေးပဲ။ ဒီအတိုင်းထားရင် နောက်နှစ် ၅၀ မှာကျိုက္ခမီမြို့တစ်ဝက်လောက်ပျောက်သွားမလားလို့ စိုးရိမ်မိတယ်။ ဒါကိုသက်ဆိုင်တဲ့ဌာနတွေက ကာ ကွယ်ဖို့လိုပါတယ်”ဟု ဓမ္မစေတီကမ်းနားနေသူ ဒေါ်အုံးက ပြောကြားသည်။

“ဘုရားကုန်းနဲ့ဆက်နေတဲ့ ဓမ္မစေတီရပ် ကမ်းပြိုတာက ဘုရားနဲ့နီးတော့လူသိများပါတယ်။ တစ်ဆက်တည်းရှိတဲ့ အောင်မင်္ဂလာရပ်မှာ ကမ်းပြိုတာပေ ၁၀၀ ကျော်ပါတယ်။ကျိုက္ခမီမြို့အနေအထားက အရင်ကဘယ်လောက်၊ အခုဘယ်လောက်ကျဉ်းသွားတယ် ဆိုတာ ပညာရှင်တွေ ကွင်းဆင်းသုတေသန လုပ်ရင် အခြေအနေမှန်သိရတာပေါ့။ နောင် နှစ် ၅၀ ဆိုရင် ဘယ်လောက်ဖြစ်လာမလဲဆို တာစိုးရိမ်နေကြပါတယ်။ အခုကစပြီးကမ်း ထိန်းနံရံကို ပင်လယ်လှိုင်းဒဏ်ခံတားနိုင်တဲ့ အနေအထားမျိုးကို တစ်နှစ် ဘယ်နှပေ လုပ် သွားစေချင်တာပေါ့”ဟု ဒေသခံ ဦးသက်ဝင်းပိုင်က ပြောကြားသည်။

ကျိုက္ခမီ အောင်ပင်လယ်ရပ်ကွက်ကမ်းခြေရှိ ညောင်ပင်ကြီးသည် ကမ်းပြို၍အမြစ် ကြွနေရာ ခံတပ်သဖွယ်ဖြစ်နေ၍ဝန်ကြီးချုပ်ကိုတင်ပြ၍အမြန်ကာကွယ်မှုကိုပြုလုပ်မည် ဖြစ်ကြောင်း၊ ကမ်းပြိုမှုတွင် သဲကျုံးမှုသည်လည်း အကြောင်းတစ်ခုအနေဖြင့် ပါဝင်ရာ နောက်ထပ်သဲကျုံးမှု မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တားမြစ်ရန် ညွှန်ကြားထားကြောင်း ဦးဉာဏ်ဟိန်း(ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်)၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားကြောင်း သိရသည်။

Most Read

Most Recent