ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် အေစီမီလန်အသင်း စံချိန်တင် အရှုံးပေါ်

ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် အေစီမီလန်အသင်း စံချိန်တင် အရှုံးပေါ်
Published 15 October 2018

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၌ အေစီမီလန်အသင်းသည် အရှုံးငွေ ယူရို (၁၂၆)သန်းရှိခဲ့ပြီး ယင်းပမာဏမှာ အသင်းသမိုင်းတစ်လျှောက် စံချိန်တင် အရှုံးပေါ် ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်မှစတင်ရေတွက် ပါက အေစီမီလန်အသင်း၏ (၁၄)နှစ်အတွင်း အရှုံးငွေပမာဏစုစုပေါင်းမှာ ယူရိုသန်း (၇၃၀)အထိရှိကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

အေစီမီလန်အသင်းသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အရှုံးငွေပမာဏမှာ ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကထက် ယူရို (၅၃)သန်း ပိုမိုများပြားခဲ့သည်။

အေစီ မီလန်အသင်းကို နှစ်ပေါင်း (၃၀)ကြာ ပိုင်ဆိုင်ခဲ့သည့် အသင်းပိုင်ရှင်ဘာလူစကို နီသည် တရုတ်လုပ်ငန်းရှင် လီယောင်ဟွန်ထံသို့ အသင်းအားရောင်းချခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့စံချိန်တင်အရှုံးငွေဖြင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့ သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အေစီမီလန်အသင်း၏ ဝင်ငွေမှာ ယူရို (၂၁၂)သန်းမှ ယူရို (၂၅၅)သန်းသို့ မြင့်တက်လာသော်လည်း အခြားတစ်ဖက် တွင် သုံးစွဲငွေမှာ ယူရို (၃၅၄)သန်းအထိ ရှိခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်က သုံးစွဲငွေပမာဏထက် (၂၂ .၇)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဘာလူစကိုနီထံမှ အေစီမီလန်အသင်းကို လွှဲပြောင်းရယူခဲ့သော တရုတ်လူမျိုး လီယောင်ဟွန်သည် အသင်းအားဝယ်ယူစဉ်က ကြွေးမြီပြဿနာများကို အချိန်မီ မဖြေရှင်းနိုင်သဖြင့် အေစီမီလန်အသင်း၏ ဘဏ္ဍာရေးအခြေအနေမှာ ပိုမိုကျပ် တည်းခဲ့ရသည်။

ထို့ကြောင့် လီယောင်ဟွန်သည် အေစီမီလန်အသင်းကို ဝယ် ယူခဲ့စဉ်က အတိုးနှုန်းမြင့်မားစွာဖြင့် ချေးငွေများရယူခဲ့သည့် အမေရိကန်စီမံ ခန့်ခွဲမှုကုမ္ပဏီ Elliott ထံသို့ အသင်းအား လွှဲပြောင်းပေးခဲ့ရသည်။

 

Most Read

Most Recent