စိုးလင်းဦးနှင့် ရွှေရာမာဉ်တို့မကျေပွဲ ထိုးသတ်ကြမည့်ပွဲစဉ်အတွက် တွဲဆိုင်းများထုတ်ပြန်

စိုးလင်းဦးနှင့် ရွှေရာမာဉ်တို့မကျေပွဲ ထိုးသတ်ကြမည့်ပွဲစဉ်အတွက် တွဲဆိုင်းများထုတ်ပြန်
Photos : MLWC Facebook
Photos : MLWC Facebook
Published 29 October 2019

 

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး နှင့် ရွှေရာမာဉ်တို့ မကျေပွဲပြန်လည်ထိုးသတ်မည့်ပွဲစဉ်အတွက် တွဲဆိုင်းများထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အား ကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ငါး နိုင်ငံမှ လက်ဝှေ့ကျော်များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း ခုနစ်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အဓိက တွဲဆိုင်းအဖြစ် တူးတူးနှင့် ဂျပန်နိုင်ငံသား တိုခဲရှီတို့ကို တွဲဖက်ပေးထားသည်။ 

ထို့ပြင် ဧပြီလကထိုးသတ်ခဲ့သည့်ပွဲစဉ်၌ ဆေးရှုံးဖြင့် ရှုံးနိမ့်ခဲ့သော စိုးလင်းဦးမှာလည်း ရွှေရာမာဉ် နှင့် မကျေပွဲ ပြန်လည်ထိုးသတ်သွားမည်ဖြစ်သည်။ 

အခြားတွဲဆိုင်းများအဖြစ် ရဲသွေးနီနှင့် အောက်ချင်းလေးတို့ကို တွဲဖက်ပေးထားပြီး စောဒါ၀ိတ်နှင့် နိုင်ဝင်းထွန်းတို့ကိုလည်း တွဲဖက်ပေးထားကြောင်း သိရသည်။ 

ယခုပွဲစဉ် အတွက် လက်မှတ်စျေးနှုန်းများကို ကျပ် ၁၀၀၀၀၊ ကျပ် ၂၀၀၀၀၊ ကျပ် ၃၀၀၀၀၊ ကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး SkyNet အခပေး ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း သိရသည်။

    ပါဝင်သော တွဲဆိုင်းများ

    စောဒါ၀ိတ်        -    နိုင်ဝင်းထွန်း

    စောရွှေလေး(မြန်မာ)    -    ချာဂါဖန်(ထိုင်း)

    ရဲသွေးနီ        -    အောက်ချင်းလေး

    စောနီကိုး(ဂျာမနီ)    -    မှော်ဘီဇာမဏီ(မြန်မာ)

    စိုးလင်းဦး        -    ရွှေရာမာန်

    တူးတူး(မြန်မာ)    -    တိုခဲရှီ(ဂျပန်)

    ဘရော်နီကာ(မြန်မာ)    -    မီရီယမ်(အီတလီ)

 

Most Read

Most Recent