Amazon နှင့်ရိုက်ကူးမည့် မှတ်တမ်းဇာတ်ကားအတွက် စိုးရိမ်ပူပန်မိပြီးနည်းပြနှင့် မန်နေဂျာအပြင် ပရိုဂျူဆာပါဖြစ်နေပြီဟု ပိုချက်တီနို ညည်းတွား

Amazon နှင့်ရိုက်ကူးမည့် မှတ်တမ်းဇာတ်ကားအတွက် စိုးရိမ်ပူပန်မိပြီးနည်းပြနှင့် မန်နေဂျာအပြင် ပရိုဂျူဆာပါဖြစ်နေပြီဟု ပိုချက်တီနို ညည်းတွား
Photos: Getty Images
Photos: Getty Images
Published 27 October 2019

ယင်းမှတ်တမ်းဇာတ်ကားတွင် ဘောလုံးကွင်းနောက်ကွယ် မှ ဖြစ်ရပ်များ၊ အဝတ်လဲခန်းအတွင်းမှ ပြောဆိုဆွေးနွေးမှုများ၊ လေ့ကျင့် ရေးနည်းစနစ်များ၊ ကစားသမားနှင့် နည်းပြများ၏ ပုဂ္ဂိုလ်ရေးအကြောင်း အရာများကိုပါ ရိုက်ကူးတင်ဆက်မည်ဖြစ်ပြီး မန်စီးတီး၊ လိဒ်စ်ယူနိုက်တက်နှင့် ဒေါ့မွန်အသင်းအပါအဝင် နယူးဇီလန်ရပ်ဘီအသင်း၊ NFL ကလပ်အသင်းများလည်း ရိုက်ကူးခဲ့ဖူးကြောင်း သိရသည်။ 

 

စပါးအသင်းနည်းပြ ပိုချက်တီနိုက Amazon ကုမ္ပဏီနှင့် တွဲဖက် ရိုက်ကူးမည့် မှတ်တမ်းဇာတ်ကားအတွက် စိုးရိမ်ပူပန်မိပြီး မိမိအနေဖြင့် နည်းပြနှင့် မန်နေဂျာအပြင် ပရိုဂျူဆာပါဖြစ်နေပြီဟု ညည်းတွား ပြောကြားခဲ့သည်။

စပါးအသင်းသည် အမေရိကန် အခြေစိုက် Amazon.com အွန်လိုင်း စီးပွားရေးကုမ္ပဏီနှင့်ပူးပေါင်း၍ မှတ်တမ်းဇာတ်ကား ရိုက်ကူးရန် သဘောတူညီမှုရရှိထားခြင်းအတွက် ပိုချက်တီနိုက ညည်းတွားပြောဆိုခဲ့ ခြင်းဖြစ်သည်။ ယင်းမှတ်တမ်းဇာတ်ကားတွင် ဘောလုံးကွင်းနောက်ကွယ် မှ ဖြစ်ရပ်များ၊ အဝတ်လဲခန်းအတွင်းမှ ပြောဆိုဆွေးနွေးမှုများ၊ လေ့ကျင့် ရေးနည်းစနစ်များ၊ ကစားသမားနှင့် နည်းပြများ၏ ပုဂ္ဂိုလ်ရေးအကြောင်း အရာများကိုပါ ရိုက်ကူးတင်ဆက်မည်ဖြစ်ပြီး မန်စီးတီး၊ လိဒ်စ်ယူနိုက်တက်နှင့် ဒေါ့မွန်အသင်းအပါအဝင် နယူးဇီလန်ရပ်ဘီအသင်း၊ NFL ကလပ်အသင်းများလည်း ရိုက်ကူးခဲ့ဖူးကြောင်း သိရသည်။ 

စပါးအသင်းသည် ယခုရာသီတွင် ပိုချက်တီနို ကိုင်တွယ်သည့် ခြောက်နှစ်အတွင်း အခက်ခဲဆုံး အခြေအနေကြုံတွေ့ နေပြီး ဖိအားများ ရင်ဆိုင်နေရသဖြင့် ၎င်းက " Amazon နဲ့ သဘောတူညီမှုရတဲ့အချိန်မှာ ကျွန်တော်တို့ စိုးရိမ်စိတ်တော့ဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကင်မရာက ခင်ဗျားရုံးခန်းထဲမှာလည်းရှိနေတယ်ဆိုတာ တော်တော်မလွယ်ပါဘူး။ အဲဒါက ရှုပ်ထွေးပါတယ်။ အဲဒီအရာက စိုးရိမ်ပူပန် စရာတွေရှိနှင့်ပြီးသားကို နောက်ထပ်တိုးစေပါတယ်။ အကယ်၍ ကျွန်တော်တို့ မအားလပ်တဲ့အချိန်ဆိုရင် အခုလည်း တော်တော်အလုပ်များပါတယ်။ နေ့စဉ်နေ့တိုင်း ကိစ္စအားလုံးအတွက် အစီအစဉ်တွေချရပါတယ်။ ဒါက လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မန်နေဂျာမဟုတ်ဘူး။ နည်းပြတစ်ယောက်လိုပဲ ခံစားရတယ်ဆိုပြီး ပြောခဲ့တာပါ။ အခုဆိုရင် ကျွန်တော်က ပရိုဂျူဆာ နဲ့တောင် တူနေပါပြီ။ နည်းပြရော၊ မန်နေဂျာရော ပရိုဂျူဆာပါဖြစ်နေတာပေါ့" ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မှတ်တမ်းဇာတ်ကားရိုက်ကူးရာတွင် ဟန်ဆောင်မှု မပါဘဲ လက်တွေ့ကျကျဖန်တီးမှု မှာလည်း အရေးပါကြောင်း ပိုချက်တီနိုက ဆက်လက်ပြောကြားခဲ့သည်။ "လက်တွေဆန်ဖို့လိုပါတယ်။ ဒါက စပါးအသင်းကို တစ်ရာသီကိုင်တွယ်အပြီးမှာ ကျွန်တော့်ရဲ့ Inside Pochettino's Spurs စာအုပ် အစပျိုးချိန်လိုမျိုးပဲ။ အဲဒီတုန်းက စွန့်စားရတာနဲ့ အတူတူပါပဲ။ အရေးကြီးဆုံးအချက်က လက်တွေ့ကျကျ နေထိုင်ဖို့ဖြစ်ပြီး ဟန်ဆောင်တာ ဒါ မှမဟုတ် အစစ်အမှန်မဟုတ်တာကို မလုပ်မိဖို့ လိုပါတယ်။ အဲဒါဆိုရင် ခင်ဗျားနှစ်သက်တဲ့အရာတွေကို လူတွေကလည်း ကြည့်ချင်ကြလိမ့်မယ်။ သာမန်လူတွေ အလုပ်လုပ်သလိုပဲ နိုင်ပွဲ တွေရနိုင်သလို ရှုံးပွဲလည်း ကြုံတွေ့ နိုင်တာပဲ။ စာအုပ်တုန်းကလိုပဲ ပျော်စရာဇာတ်သိမ်းဖြစ်ဖို့တော့ ကျွန်တော်မျှော်လင့်ထားပါတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ တခြားရှုထောင့်ကနေ ကွဲပြားခြားနားတဲ့ပုံစံနဲ့ မြင်ရမှာပါ" ဟု ၎င်းက ဆိုသည်။