အာဆင်နယ်အသင်း၏ ရှုံးပွဲများတွင် ဝေဖန်ခံရလေ့ရှိခြင်းကို အိုဇေးလ် စိတ်ပျက်

အာဆင်နယ်အသင်း၏ ရှုံးပွဲများတွင် ဝေဖန်ခံရလေ့ရှိခြင်းကို အိုဇေးလ် စိတ်ပျက်
Photos: Getty Images & Sky Sports
Photos: Getty Images & Sky Sports
Published 18 October 2019

အာဆင်နယ်အသင်း၏ ဂျာမနီကွင်းလယ်လူ အိုဇေးလ်သည် အာဆင်နယ်အသင်းရှုံးပွဲတွေ့သည့် အချိန်များတွင် အမြဲတမ်းမိမိကိုသာ ဦးတည်ဝေဖန်နေကြခြင်းများအပေါ် အလွန်စိတ်ပျက်နေပြီဟု ဝန်ခံပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်း၏ ဂျာမနီကွင်းလယ်လူ အိုဇေးလ်သည် အာဆင်နယ်အသင်းရှုံးပွဲတွေ့သည့် အချိန်များတွင် အမြဲတမ်းမိမိကိုသာ ဦးတည်ဝေဖန်နေကြခြင်းများအပေါ် အလွန်စိတ်ပျက်နေပြီဟု ဝန်ခံပြောကြားခဲ့သည်။ 



အာဆင်နယ်အသင်းသည် မိမိမကစားသည့်ပွဲများတွင် ရှုံးပွဲတွေ့ခဲ့လျှင်ပင် မိမိသည် အမြဲဓားစာခံဖြစ်နေလေ့ရှိပြီး အမှန်တကယ်အားဖြင့် ပွဲကြီးအချို့တွင် အာဆင်နယ်အသင်း ရှုံးပွဲတွေ့နေခြင်းမှာ ပြိုင်ဘက်များက မိမိတို့အသင်းထက် ပိုကောင်းခြင်းကြောင့်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

    

အိုဇေးလ်သည် အာဆင်နယ်အသင်းတွင် တစ်ပတ်လုပ်ခ ပေါင် (၃၅ဝဝဝဝ)ရရှိနေသူဖြစ်ပြီး အသင်းတွင် လစာအများဆုံးရကစားသမားအဖြစ် ရပ်တည်နေသော်လည်း လက်ရှိအသင်းနည်းပြ အူနိုင်းအမ်မရီ၏ လက်အောက်တွင် ပုံမှန်ကစားခွင့်မရဖြစ်နေသူဖြစ်သည်။ 

သူသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ပွဲထွက်ခွင့်တစ်ပွဲသာရခဲ့ပြီး မီဒီယာများ၏ ဝေဖန်မှုများကိုလည်း အမြဲလိုလို ရင်ဆိုင်နေရသူဖြစ်သည်။ 

ယင်းအတွက်ကြောင့် အိုဇေးလ်က မိမိသည် ပွဲထွက်ကစားခွင့်မရသည့်အတွက် စိတ်ပျက်မိသလို၊ ပွဲထွက်ခွင့်မရဘဲ ရှုံးပွဲတွေ့သည့်အချိန်များတွင်လည်း ဝေဖန်ခံနေရခြင်းအပေါ် စိတ်ပျက်မိကြောင်း The Athletic သတင်းစာနှင့်တွေ့ဆုံရာတွင် ဝန်ခံပြောကြားသွားခဲ့ခြင်းဖြစ်သည်။

"ပွဲကြီးတစ်ပွဲမှာ ကျွန်တော်တို့အသင်း ခြေစွမ်းမပြနိုင်ဘူးဆိုရင်လည်း အဲ့ဒါက ကျွန်တော့်အမှားပဲ ဖြစ်နေလေ့ရှိတယ်။ သူတို့ ဝေဖန်တာက အမှန်ဆိုရင် ကျွန်တော် မကစားတဲ့ ပွဲတွေမှာ အာဆင်နယ်က အသင်းကြီးတွေကို ရှုံးခဲ့တာကို ဘယ်လိုရှင်းမလဲ။ ဒါဟာ ဘာခြားနားမှုမှမရှိပါဘူး။ ပရိသတ်တွေက ကျွန်တော့်ဆီက အများကြီးမျှော်လင့်နေတာကို ကျွန်တော်နားလည်ပါတယ်။ သူတို့က ကျွန်တော့်ကို တစ်ခုခုလုပ်ပြစေချင်တယ်။ ခြေစွမ်းပြစေချင်ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအတိုင်းပဲ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဒီလောက်မရိုးရှင်းပါဘူး။ ကျွန်တော်က အာဆင်နယ်အသင်းမှာ တစ်ဦးတည်းသောကစားသမားမဟုတ်ဘူးဆိုတာကို မမေ့ကြပါနဲ့။ ပြီးတော့ အချို့သော ပြိုင်ဘက်အသင်းတွေဟာ ကျွန်တော်တို့အသင်းထက် ပိုကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။

အိုဇေးလ်သည် အာဆင်နယ်အသင်း၏ နောက်ဆုံးပွဲစဉ် (၃)ပွဲတွင် အရန်ကစားသမားစာရင်း၌ပင် ပါဝင်ခဲ့ခြင်းမရှိဘဲ ယင်းပွဲများမှာ မန်ယူနှင့် အဝေးကွင်းပွဲ၊ စတန်းဒတ်လိဂ်၊ ဘုန်းမောက်တို့နှင့် ကစားခဲ့ကြသည့် အိမ်ကွင်း ပွဲစဉ်များဖြစ်သည်။ 

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီကမူ စတန်းဒတ်လိဂ်နှင့် ကစားခဲ့သည့်ပွဲ၌ အိုဇေးလ်ကိုမရွေးချယ်ခဲ့ခြင်းအပေါ် မေးမြန်းခဲ့ရာတွင် "ကျွန်တော်က သူ့ကို ဒီအသင်းမှာ မထည့်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင် တခြားကစားသမားတွေက သူ့ထက်ပိုပြီး ထိုက်တန်နေလို့ပါ"ဟု ဆိုခဲ့ဖူးသည်။

    

အိုဇေးလ်သည် အာဆင်နယ်အသင်းနှင့် ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အသင်းတွင် အနည်းဆုံး (၂)ရာသီနီးပါးဆက်ရှိနေဦးမည်ဖြစ်ပြီး သူ၏ မြင့်မားသည့်လစာငွေကြောင့် အသင်းသည်အခက်အခဲများရှိနေသော်လည်း အိုဇေးလ်ကမူ "ကျွန်တော်အသင်းမပြောင်းပါဘူး။ ဒီအသင်းမှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်နေမှာပါ"ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent