မန်ယူ - လီဗာပူးလ်ပွဲမတိုင်မီ BT Sport ရုပ်သံအစီအစဉ်၌ မန်ယူအသင်းအကျႌကို မီးထဲပစ်ထည့်မည်ဟု ဂျိမ်းစ်မီလ်နာ ဟာသလုပ်ပြောဆိုခဲ့

မန်ယူ - လီဗာပူးလ်ပွဲမတိုင်မီ BT Sport ရုပ်သံအစီအစဉ်၌ မန်ယူအသင်းအကျႌကို မီးထဲပစ်ထည့်မည်ဟု ဂျိမ်းစ်မီလ်နာ ဟာသလုပ်ပြောဆိုခဲ့
Photos: Daily Mail,YouTube
Photos: Daily Mail,YouTube
Published 16 October 2019

မီလ်နာသည် BT Sport ရုပ်သံ ၏ What I Wore ရုပ်သံအစီအစဉ် တွင် မန်ယူအသင်းအကျႌကို မီးထဲပစ်ထည့်မည်ဖြစ်ကြောင်း ဟာသလုပ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းရုပ်သံ အစီအစဉ်ကို BT Sport စတူဒီယို အတွင်းရှိ ဘောလုံးသမားအကျႌများ ထားရှိရာအခန်းအတွင်း ရိုက်ကူးခဲ့ ခြင်းဖြစ်ပြီး အစီအစဉ်တင်ဆက်သူက မီလ်နာအား မေးခွန်းများ မေးမြန်းခဲ့သည်။ 

 

လီဗာပူးလ်အသင်း၏ အင်္ဂလန် ၀ါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာသည် မန်ယူ - လီဗာပူးလ်ပွဲမတိုင်မီ မန်ယူပရိသတ်များ ဒေါသထွက်စေမည့်စကားကို ပြောကြားခဲ့ပြီး ယင်းပွဲအား မီးစာမြှင့်ပေးခဲ့ကြောင်း ဗြိတိန် သတင်းစာများက ဖော်ပြခဲ့ကြသည်။

မီလ်နာသည် BT Sport ရုပ်သံ ၏ What I Wore ရုပ်သံအစီအစဉ် တွင် မန်ယူအသင်းအကျႌကို မီးထဲပစ်ထည့်မည်ဖြစ်ကြောင်း ဟာသလုပ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းရုပ်သံ အစီအစဉ်ကို BT Sport စတူဒီယို အတွင်းရှိ ဘောလုံးသမားအကျႌများ ထားရှိရာအခန်းအတွင်း ရိုက်ကူးခဲ့ ခြင်းဖြစ်ပြီး အစီအစဉ်တင်ဆက်သူက မီလ်နာအား မေးခွန်းများ မေးမြန်းခဲ့သည်။ 

၎င်းင်းအား " မီးလောင်နေသော နေအိမ်အတွင်းမှ ထွက်ပြေးရမည်ဆိုပါက မည်သည့်ဘောလုံးအကျႌနှစ်ထည်ကို အရယူဆောင်သွားမလဲ" ဟု မေးမြန်းခဲ့ရာ ၎င်းက မန်ယူအသင်းအကျႌ (၂၀၀၉-၁၀ ဘောလုံးရာသီ အ ကျႌ)ကို ကိုင်ပြခဲ့ပြီး " အဲဒီလိုဆိုရင်aတာ့ ကျွန်တော် ဒီတစ်ထည်ကို မီးထဲပစ်ထည့်လိုက်မှာပေါ့" ဟု ဟာသလုပ် ပြောဆိုခဲ့သည်။

မီလ်နာသည် တစ်ချိန်က မန်ယူအသင်း၏ ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်ခဲ့သော လိဒ်စ်အသင်းတွင် ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပြီး နယူးကာဆယ်၊ ဗီလာအသင်းများသို့  ပြောင်းaရွှ့ကစားခဲ့သည်။ ထို့နောက် မန်ယူအသင်း၏ခါးသီးသောပြိုင်ဘက်အသင်းများဖြစ်သည့် မြို့ခံပြိုင်ဘက်မန်စီးတီး နှင့် ဒေသတွင်းပြိုင်ဘက် လီဗာပူးလ်အသင်းသို့ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

 

Most Read

Most Recent