အာဆင်နယ်အသင်းကို ကိုင်တွယ်လိုကြောင်း နိုက်စ်အသင်းနည်းပြ ဗီယာရာ ဝန်ခံ

အာဆင်နယ်အသင်းကို ကိုင်တွယ်လိုကြောင်း နိုက်စ်အသင်းနည်းပြ ဗီယာရာ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 16 October 2019

နိုက်စ်အသင်းနည်းပြ ဗီယာရာက မိမိအနေဖြင့် တစ်နေ့နေ့တွင် အာဆင်နယ်အသင်းကို ကိုင်တွယ်လိုကြောင်း ဝန်ခံပြောကြားခဲ့သည်။

နိုက်စ်အသင်းနည်းပြ ဗီယာရာက မိမိအနေဖြင့် တစ်နေ့နေ့တွင် အာဆင်နယ်အသင်းကို ကိုင်တွယ်လိုကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၄၃)နှစ်အရွယ်ရှိ ဗီယာရာသည် လက်ရှိတွင် ပြင်သစ်ကလပ် နိုက်စ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေပြီး အာဆင်နယ်အသင်းတွင် ၁၉၉၆ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့သူဖြစ်သည်။

ထို့ပြင် ဗီယာရာသည် ၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်ဖြင့် ရယူခဲ့သည့် အာဆင်နယ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သူဖြစ်ပြီး အသင်း၏ဂန္ထဝင်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

ဗီယာရာက မိမိအနေဖြင့် လက်ရှိတွင် ထိပ်တန်းနည်းပြဖြစ်အောင် ကြိုးစားနေကြောင်းနှင့် တစ်နေ့နေ့တွင် အာဆင်နယ်အသင်းကို နည်းပြလိုကြောင်း ပြောကြားခဲ့သည်။

ဗီယာရာက '' ကစားသမားတွေလိုပါပဲ။ ကျွန်တော့်အနေနဲ့ နည်းပြဘဝမှာ ထိပ်တန်းအဆင့်ကိုရောက်ဖို့ ကြိုးစားနေပါတယ်။ နိုက်စ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ကျွန်တော်ကြိုးစားနေပါတယ်။ ကျွန်တော့်အနေနဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့ နည်းပြမျိုး၊ ဒါမှမဟုတ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့နည်းပြမျိုးဖြစ်ချင်ပါတယ်။ အနာဂတ်မှာ အာဆင်နယ်လိုထိပ်တန်း အသင်းမျိုးကို ကိုင်တွယ်ခွင့်ရဖို့ မျှော်လင့်ပါတယ်" ဟုပြောကြားခဲ့သည်။

ဗီယာရာသည် ကစားသမားဘဝတွင် အေစီမီလန်၊ အာဆင်နယ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ မန်စီးတီးစသည့် ထိပ်တန်းအသင်းများတွင် ကစားခဲ့ပြီး နည်းပြဘဝကို ၂၀၁၆ ခုနှစ်တွင် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းကို ကိုင်တွယ်ပြီး စတင်ခဲ့သည်။ 

ယင်းနောက် ဗီယာရာသည် ၂၀၁၈ ခုနှစ်တွင် ပြင်သစ်ကလပ် နိုက်စ်အသင်းကို ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ နိုက်စ်အသင်းသည် ယခုရာသီ လီဂူးပွဲစဉ် (၉)အပြီးတွင် ရမှတ် (၁၃)မှတ်ဖြင့် အဆင့် (၉)နေရာ၌ ရပ်တည်လျက်ရှိသည်။

 

Most Read

Most Recent