တိုင်ဆန်ဖျူရီသည် အမေရိကန်နပန်းသမား စထရိုးမန်းနှင့် ထိုးသတ်မည်ဖြစ်ပြီး ၎င်းတို့နှစ်ဦးယှဉ် ပြိုင်မည့်ပွဲစဉ်ကို အောက်တိုဘာ ၃၁ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း WWE အမှုဆောင် ဒုဥက္ကဋ္ဌ Triple H က အတည်ပြုပြောကြားခဲ့သည်။ တိုင်ဆန်ဖျူရီသည် အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့သည့် Smack Down ပြိုင်ပွဲတွင် စထရိုးမန်းနှင့် စတင် အချင်းများခဲ့ပြီး အတားအဆီးကိုကျော်၍ ရင်ဆိုင်တွေ့ရန် ကြိုးပမ်းသော်လည်း လုံခြုံရေးများက ၀ိုင်းဝန်းတားဆီးခဲ့ကြသည်။
ဟဲဗီးဝိတ်ချန်ပီယံဟောင်းဖြစ်သည့် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီသည် ဆော်ဒီအာရေဗျနိုင်ငံ၌ကျင်းပမည့် WWE နပန်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်ဆန်ဖျူရီသည် အမေရိကန်နပန်းသမား စထရိုးမန်းနှင့် ထိုးသတ်မည်ဖြစ်ပြီး ၎င်းတို့နှစ်ဦးယှဉ် ပြိုင်မည့်ပွဲစဉ်ကို အောက်တိုဘာ ၃၁ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း WWE အမှုဆောင် ဒုဥက္ကဋ္ဌ Triple H က အတည်ပြုပြောကြားခဲ့သည်။ တိုင်ဆန်ဖျူရီသည် အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့သည့် Smack Down ပြိုင်ပွဲတွင် စထရိုးမန်းနှင့် စတင် အချင်းများခဲ့ပြီး အတားအဆီးကိုကျော်၍ ရင်ဆိုင်တွေ့ရန် ကြိုးပမ်းသော်လည်း လုံခြုံရေးများက ၀ိုင်းဝန်းတားဆီးခဲ့ကြသည်။
အောက်တိုဘာ ၇ ရက်က ကျင်းပသည့် Raw ပြိုင်ပွဲ တွင်မူ တိုင်ဆန်ဖျူရီက စထရိုးမန်းအနေဖြင့် ၎င်းကို ပြန်လည်တောင်းပန်ရန် တောင်းဆိုရာမှ ထပ်မံအချင်းများခဲ့ပြီး အပြန်အလှန်ထိုးကြိတ်နေသဖြင့် အခြားနပန်း သမားများက ၀ိုင်းဝန်းဖျန်ဖြေခဲ့ကြရသည်။ ယင်းကဲ့သို့ နှစ်ကြိမ်တိုင် ပြဿနာဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် WWE Crown Jewel ပြိုင်ပွဲတွင် ၎င်းင်းတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။ WBA (Super)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်းဖြစ်သူ တိုင်ဆန်ဖျူရီက WWE ပြိုင်ပွဲတွင် ပါဝင်ခွင့်ရရေး မှာ အိပ်မက်တစ်ခုဖြစ်ကြောင်းနှင့် ပေါင် ၄၀၀ နီးပါး အလေးချိန်ရှိသည့် စထရိုးမန်းကို အလဲထိုးအနိုင်ယူမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
"ဒီနေရာမှာ ရှိနေခွင့်ရတာနဲ့ ဆော်ဒီအာရေဗျမှာကျင်းပမယ့် ပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ ဒါက ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ ဒီလိုမျိုးဖြစ်လာဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့ရတာပါ။ ကျွန်တော်က အရင်ကတည်းက WWE ရဲ့ ပရိသတ်တစ်ယောက်ပါ။ ဆော်ဒီကိုသွားတဲ့အချိန်မှာ ရှုံးပွဲမရှိကစားသမားတစ်ယောက်အဖြစ် ရှိနေဆဲပါပဲ။ စထရိုးမန်းကို ကျွန်တော် အလဲထိုးမှာပါ" ဟု တိုင်ဆန်ဖျူရီက ဆိုသည်။ စထရိုးမန်းကလည်း "တိုင်ဆန် ငါသတိပေးတာကို မင်းဂရုစိုက်နားထောင်ပါ။ WWE မှာ ငါတို့တွေက လက်အိတ်စွပ်ပြီး မထိုးကြဘူး။ မင်းက ငါ့ကမ္ဘာထဲကို ဝင်လာတာပါ" ဟု တုံ့ပြန်ပြောကြားခဲ့သည်။
WWE Crown Jewel ပြိုင်ပွဲ တွင် UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း နှင့် WWE ချန်ပီယံဖြစ်သူ ဘရွတ်လက်စ်နာနှင့် UFC ကစားသမား ဗယ်လက်စ်ကွက်ဇ်တို့ ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဆော်ဒီအာရေဗျနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းဆိုးများကြောင့် ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးလှုပ်ရှားသူများက အားကစားပွဲများ ကျင်းပခြင်းအပေါ် ဝေဖန်လျက်ရှိသော်လည်း ဟဲဗီးဝိတ်ချန်ပီယံ အန်ဒီရုဇ်နှင့် အန်သိုနီဂျိုရှူအာတို့၏ မကျေပွဲကိုလည်း ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။