နာဘရီကို အာဆင်နယ်အသင်း လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းမှာ ဘိုင်ယန်မြူးနစ်၏ကြိုးကိုင်မှုကြောင့်ဟု အာစင်ဝင်းဂါး စွပ်စွဲ

နာဘရီကို အာဆင်နယ်အသင်း လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းမှာ ဘိုင်ယန်မြူးနစ်၏ကြိုးကိုင်မှုကြောင့်ဟု အာစင်ဝင်းဂါး စွပ်စွဲ
Photos: AFP /Getty Images
Photos: AFP /Getty Images
Published 11 October 2019

အာဆင်နယ်အသင်း၏ နာမည်ကျော်နည်းပြဟောင်းဖြစ်သည့် အာစင်ဝင်းဂါးက ၂၀၁၆ ခုနှစ်က အာဆင်နယ်အသင်းကို နာဘရီ စွန့်ခွာသွားခဲ့ခြင်းတွင် ဘိုင်ယန်မြူးနစ်အသင်းက နောက်ကွယ်မှ ကြိုးကိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

အာဆင်နယ်အသင်း၏ နာမည်ကျော်နည်းပြဟောင်းဖြစ်သည့် အာစင်ဝင်းဂါးက ၂၀၁၆ ခုနှစ်က အာဆင်နယ်အသင်းကို နာဘရီ စွန့်ခွာသွားခဲ့ခြင်းတွင် ဘိုင်ယန်မြူးနစ်အသင်းက နောက်ကွယ်မှ ကြိုးကိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

    

နာဘရီသည် အာဆင်နယ်အသင်းတွင် အောင်မြင်မှုမရခဲ့သော်လည်း လက်ရှိအချိန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဂျာမနီလက်ရွေးစင်အသင်းတို့၏ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေပြီး ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့သူဖြစ်သည်။ 

ထို့ပြင် မကြာသေးမီက စပါးအသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် တစ်ဦးတည်း (၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားသမားဘဝ၏ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်ထားပြီဖြစ်သည်။



    

နာဘရီ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ အာစင်ဝင်းဂါးနှင့်အတူ စတင်ခဲ့ခြင်းဖြစ်ပြီး၊ ဝင်းဂါးက သူ၏ကြယ်ပွင့်ကစားသမားကို ဆုံးရှုံးခဲ့ရခြင်းနှင့်ပတ်သက်၍ "ကျွန်တော်တို့က သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အချိန်အကြာကြီးကတည်းက ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အောင်မြင်မှုမရရှိခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူက အာဆင်နယ်လိုအသင်းကို စွန့်ခွာပြီး ဝါဒါဘရီမင်ကို ပြောင်းရွှေ့သွားခဲ့တယ်။ နောက်တစ် နှစ်အကြာမှာပဲ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ကျွန်တော်တို့ဆီက တိုက်ရိုက်မခေါ်ဘဲ ဒီလိုလုပ်ဖို့ စီစဉ်ခဲ့တာပါ။ သူက အရည်အသွေး မြင့်မားတဲ့ ပါရမီရှင် လူငယ်တစ်ဦးဖြစ်ပြီး တချို့ကဏ္ဍတွေမှာတော့ ယုံကြည်မှုနည်းနည်းအားနည်းတဲ့ ပြဿနာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီလိုကစားသမားမျိုးကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီး အနာဂတ်မှာ အောင်မြင်မှုတွေအများကြီး ရနိုင်သူဆိုတာ သိပါတယ်"ဟု ပြောကြားခဲ့သည်။

    

ဝင်းဂါးသည် နာဘရီအား ဝက်စ်ဘရွန်းသို့ အငှားချထား ခဲ့ပြီးနောက် နာဘရီသည် အာဆင်နယ်သို့ မပြန်တော့ဘဲ ဝါဒါဘရီမင်ထံကို ပြောင်းရွှေ့ရန်ကြိုးစားခဲ့ပြီး၊ တစ်နှစ်အကြာတွင် ဘိုင်ယန်မြူးနစ်သို့ ထပ်မံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent