မန္တလေးမြို့တွင် စန္ဒီမယ်တော် ရေမျှောပူဇော်ပွဲ စည်ကားစွာ ကျင်းပ

မန္တလေးမြို့တွင် စန္ဒီမယ်တော် ရေမျှောပူဇော်ပွဲ စည်ကားစွာ ကျင်းပ
Published 8 October 2019
သက်ထွန်းအောင်

မန္တလေးမြို့တွင် စန္ဒီမယ်တော် ရေမျှောပူဇော်ပွဲ ကျင်းပခြင်းကို ဧရာဝတီမြစ်တွင် အောက်တိုဘာ ၈ ရက်က ကျင်းပခဲ့သည်။

 

စန္ဒီမယ်ရုပ်တုများကို ကောက်ရိုးများဖြင့် ပုံသွင်းကာ နုန်းမြေဖြင့် ပုံဖော်ပြီး ဆေးရောင်များခြယ်သကြောင်း၊ ရုပ်တုအား ၁ လကျော် ပြလုပ်ရကြောင်းနှင့် စန္ဒီမယ်တော် ရေမျောပွဲကျင်းပခြင်းကို ရှေးယခင်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမီးတော်စျေးပုဏ္ဏားစုမှ ကိုဇော်လင်းဦးက ဆိုသည်။

 

မန္တလေးမြို့ပေါ်ရှိ ပုဏ္ဏားလူမျိုးနှင့် ဟိန္ဒူလူမျိုးများ၏ ဘုရားကျောင်းအသီးသီးမှ စန္ဒီမယ်ရုပ်တုများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်ကာ ဧရာဝတီမြစ်အတွင်းသို့ ရေမျှောပူဇော်ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

 

 

 

Most Read

Most Recent