ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်က ဂျာမနီလက်ရွေးစင်အသင်းအနေဖြင့် ဂိုးသမားနေရာတွင် စတီဂန်ဖြင့် အစားထိုးပါက အသင်းမှ ကစားသမားများကို စေလွှတ်ပေး တော့မည်မဟုတ်ကြောင်း သတိပေး ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်က ဂျာမနီလက်ရွေးစင်အသင်းအနေဖြင့် ဂိုးသမားနေရာတွင် စတီဂန်ဖြင့် အစားထိုးပါက အသင်းမှ ကစားသမားများကို စေလွှတ်ပေး တော့မည်မဟုတ်ကြောင်း သတိပေး ပြောကြားခဲ့သည်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် ဝါရင့်ကစားသမားများဖြစ်သည့် မူလာ၊ ဘိုတန်နှင့် ဟမ်းမဲလ်တို့အား နည်းပြ ယော်ကင်လိုးက လက်ရွေးစင်အသင်းတွင် ရွေးချယ်တော့မည်မဟုတ်ဟု ဆုံးဖြတ်ပြီးကတည်းက ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သည်။
ဂျာမနီအသင်း၏ အဓိကဂိုးသမားနေရာအတွက် အသင်းခေါင်းဆောင် နော်ယာနှင့် ဘာစီလိုနာအသင်းကစားသမား စတီဂန်တို့ အပြိုင်ဖြစ်နေပြီး စတီဂန်က ယခုလအတွင်း နယ်သာလန်၊ မြောက်အိုင်ယာလန်တို့နှင့် ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲများ၌ ပွဲထွက်စာရင်း ပါဝင်ခွင့်မရသဖြင့် စိတ်ပျက်မိကြောင်း ထုတ် ဖော်ပြောကြားခဲ့သည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ ဂျာမနီအခြေစိုက် Bild အားကစားသတင်းစာက လက်ရွေးစင်အသင်း ဂိုးသမားနေရာအတွက် စတီဂန်အစား ဝင်နိုင်ခြေရှိမရှိ မေးမြန်းရာ အူလီဟိုးနက်စ်က "အဲဒီလိုသာဖြစ်လာရင် လက်ရွေးစင်အသင်းအတွက် ကစားသမားစေလွှတ်ပေးတော့မှာမဟုတ်ပါဘူး။ အဲဒီနေရာအတွက် အပြောင်း အလဲလုပ်ဖို့ လုံးဝလက်မခံပါဘူး"ဟု တုံ့ပြန်ဖြေကြားသည်။
သို့သော် ဖီဖာ၏စည်းမျဉ်းအရ လက်ရွေးစင်အသင်းက ရွေးချယ်လျှင် ကလပ်အသင်းများအနေဖြင့် ကစားသမားများအား စေလွှတ်ခြင်းကို ငြင်းဆန်ခွင့်မရှိကြောင်း သိရသည်။ ယော်ကင်လိုးကမူ အသင်းအား လူငယ်ကစားသမားများဖြင့်သာ တည်ဆောက်ရန် ဆန္ဒရှိနေသည်။















