မန်ယူအသင်းအနေဖြင့် ထိပ်ဆုံး (၆)သင်းပင်မဝင်သည့် အခြေအနေ ဖြစ်သွားနိုင်သည်ဟု မော်ရင်ဟို၊ ရွိုင်ကင်းနှင့် ဂရေမီဆောင်းနက်စ်တို့ သတိပေး

မန်ယူအသင်းအနေဖြင့် ထိပ်ဆုံး (၆)သင်းပင်မဝင်သည့် အခြေအနေ ဖြစ်သွားနိုင်သည်ဟု မော်ရင်ဟို၊ ရွိုင်ကင်းနှင့် ဂရေမီဆောင်းနက်စ်တို့ သတိပေး
Photos: Sky Sports & AFP
Photos: Sky Sports & AFP
Published 25 September 2019

Sky Sports ၏ ဘောလုံးသုံးသပ်သူများဖြစ်သည့် မော်ရင်ဟို၊ ရွိင်ကင်းနှင့် ဂရေမီဆောင်းနက်စ်တို့က ဝက်စ်ဟမ်းအသင်းကို (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် မန်ယူအသင်းအနေဖြင့် ယခုရာသီကုန်၌ ထိပ်ဆုံး (၆)သင်း၏ ပြင်ပသို့ပင်ရောက်သွားနိုင်သည်ဟု သုံးသပ်ပြောကြားသွားခဲ့သည်။

Sky Sports ၏ ဘောလုံးသုံးသပ်သူများဖြစ်သည့် မော်ရင်ဟို၊ ရွိင်ကင်းနှင့် ဂရေမီဆောင်းနက်စ်တို့က ဝက်စ်ဟမ်းအသင်းကို (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် မန်ယူအသင်းအနေဖြင့် ယခုရာသီကုန်၌ ထိပ်ဆုံး (၆)သင်း၏ ပြင်ပသို့ပင်ရောက်သွားနိုင်သည်ဟု သုံးသပ်ပြောကြားသွားခဲ့သည်။

Sky Sports ၏ ပွဲပြီးသုံးသပ်ချက်တွင် မော်ရင်ဟိုက သူ၏ အသင်းဟောင်းမန်ယူအသင်းနှင့် ပတ်သက်ပြီး မန်ယူအသင်းသည် ယခုအချိန်အထိ မည်သည့် တိုးတက်မှုကိုမျှ မြင်တွေ့ရခြင်းမရှိသေးကြောင်း ပြောကြားခဲ့ပြီး ဂရေမီဆောင်းနက်စ်ကလည်း လက်ရှိမန်ယူအသင်းသည် ပရီးမီးယားလိဂ်စတင်ချိန်ကတည်းက အဆိုးရွားဆုံးလူစာရင်းဖြစ်သည်ဟု ဆိုခဲ့သည်။ မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ရွိုင်ကင်းကမူ လက်ရှိ မန်ယူအသင်း၏ ကျဆင်းမှုများအတွက် အံ့ဩဝမ်းနည်းခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးအသင်းနှင့်အတူ (၃)ကြိမ်တိုင်ရယူခဲ့ဖူးသည့် မော်ရင်ဟိုက "ဒီအသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံး (၂)နေရာအတွက် တိုက်ပွဲဝင်နိုင်စွမ်းရှိတဲ့အသင်းလို့ ကျွန်တော်မထင်ပါဘူး။ သူတို့ ဒီနေရာအတွက် အကြောက်တရားတွေရှိပါတယ်။ ကျွန်တော့်အတွက် သူတို့ ဒီလိုဖြစ်ရတာဘာကြောင့်လဲဆိုတာကိုလည်း ဖြေဖို့ခက်ပါတယ်။ ကျွန်တော်နဲ့ လက်တွဲခဲ့တဲ့ နှစ်ရာသီစလုံးမှာ ဒီအသင်းဟာ အပြုသဘောဆောင်တဲ့အချက်တွေ ပျောက်ဆုံးနေတယ်လို့ ခံစားခဲ့ရပြီး တတိယရာသီမှာတော့ လုံလောက်မှုမရှိခဲ့ပါဘူး။ ကျွန်တော်လည်း ရာထူးက အထုတ်ခံခဲ့ရတယ်။ ဒါဟာ ထိုက်တန်တယ်လို့လည်း ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးတာဝန်ယူရတဲ့သူက နည်းပြဖြစ်နေတာကြောင့်ပါ။ ဒါပေမဲ့ အခုအချိန်မှာ ဝမ်းနည်းဖို့ကောင်းတဲ့ အမှန်တရားက ဒီအသင်းဟာ ကျွန်တော်တာဝန်ယူခဲ့တဲ့ အချိန်ကထက် ပိုဆိုးနေတာပါပဲ။ လူတွေက အခုအချိန်မှာ မန်ယူအသင်းအခြေအနေဆိုးနေတာကို ကျွန်တော် ဝမ်းသာနေတယ်လို့ ထင်ကြလိမ့်မယ်။ တကယ်တော့ ကျွန်တော် မပျော်ပါဘူး။ ဒီအသင်းမှာ ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တွေအများကြီးရှိသလို၊ ကျွန်တော်လည်း မန်ယူပရိသတ်တွေကို လေးစားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ မန်ယူအသင်းဟာ အဆင့် (၄)နေရာအတွက်တောင် ခက်ခက်ခဲခဲ ရုန်းကန်ရမှာဖြစ်ပြီး ထိပ်ဆုံး (၆)သင်းထဲတော့ ဝင်နိုင်မယ် ထင်ပါတယ်။ ကျွန်တော် အခုအချိန်မှာ မန်ယူအသင်းအတွက် ဝမ်းနည်းနေတယ်ဆိုတာ အဲ့ဒီအခြေအနေပါပဲ"ဟု ပြောကြားခဲ့သည်။



 

ဝက်စ်ဟမ်းကွင်းတွင် ကစားခဲ့သည့် မန်ယူအသင်းအခြေအနေနှင့် ပတ်သက်သည့် မေးမြန်းမှုကိုလည်း မော်ရင်ဟိုက "အပေါင်းလက္ခဏာဆောင်တဲ့ ဘယ်အချက်ကိုမှ ကျွန်တော်မမြင်ပါဘူး"ဟု ပြောကြားခဲ့သည်။

    

ရွိုင်ကင်းကလည်း "ဘယ်က စပြောရမှန်းတောင် မသိဘူး။ အံ့လည်းအံ့ဩတယ်။ ဝမ်းလည်းနည်းတယ်။ ဘောလုံးအသင်းတစ်သင်းက ရှုံးပွဲတွေ့နိုင်ပါတယ်။ ဒါပေမဲ့ အခု မန်ယူက စိတ်ပါလက်ပါမရှိဘူး။ အရည်အသွေးမရှိဘူး။ ပြင်းပြတဲ့စိတ်ဆန္ဒမရှိဘူး။ ခေါင်းဆောင်ကောင်း မရှိဘူး။ မှန်ကန်တဲ့ စရိုက်လက္ခဏာမရှိဘူး။ ဘာတစ်ခုမှကို မရှိတာ။ မန်ယူပြန်လာဖို့ဆိုတာ အရမ်းဝေးကွာတဲ့ ခရီးတစ်ခုဖြစ်ပြီး ဘယ်လောက်အထိ ဆက်ကျဆင်းဦးမလဲဆိုတာကို တွေးရတာ ကြောက်စရာပဲ"ဟု ဆိုခဲ့သည်။ 

နာမည်ကျော်နည်းပြဟောင်းတစ်ဦးဖြစ်သည့် ဂရေမီဆောင်းနက်စ်ကမူ "ကျွန်တော်ပြောနိုင်တာကတော့ ဒီအသင်းဟာ ပရီးမီးယားလိဂ်စတင်ချိန်ကတည်းက အဆိုးဆုံး မန်ယူအသင်းပဲ။ ဒီအသင်းဟာ သူတို့နေရာမှန်ကို ပြန်ရှာဖို့ အရမ်းခက်ခဲနေပြီ။ ငွေတွေအများကြီးသုံးခဲ့ပြီး လူကောင်းတွေတော့ ခေါ်နိုင်တုန်းပဲ။ ဒါက မန်ယူဖြစ်နေတာကိုး။ ဒါပေမဲ့ သူတို့အတွက် ဖိအားကလည်း ဒီအသင်းဟာ ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေတယ်။ တချို့က အကြီးဆုံးကလပ်အသင်းကြီးလို့ ထင်ရတယ်။ ကစားသမားတွေက ဒီမျှော်လင့်ချက်တွေကို မလိုက်နိုင်ဘူး။ ကျွန်တော့်အမြင်တော့ ထိပ်ဆုံး (၆)သင်းတောင် ဝင်ဖို့ခက်ပါတယ်"ဟု သုံးသပ်ခဲ့သည်။ 

 

Most Read

Most Recent