ယခုရာသီတွင် ရုန်းကန်နေရသော်လည်း ၂၀၁၈-၁၉ ရာသီက စံချိန်တင်ဝင်ငွေ ပေါင် (၆၂၇.၁)သန်းအထိ ရရှိခဲ့ကြောင်း မန်ယူအသင်း ကြေညာ

ယခုရာသီတွင် ရုန်းကန်နေရသော်လည်း ၂၀၁၈-၁၉ ရာသီက စံချိန်တင်ဝင်ငွေ ပေါင် (၆၂၇.၁)သန်းအထိ ရရှိခဲ့ကြောင်း မန်ယူအသင်း ကြေညာ
Photos: Getty Images
Photos: Getty Images
Published 24 September 2019

မန်ယူအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရသော်လည်း ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ကလပ်စံချိန်တင်ဝင်ငွေအဖြစ် ပေါင် (၆၂၇.၁) သန်းအထိ ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရသော်လည်း ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ကလပ်စံချိန်တင်ဝင်ငွေအဖြစ် ပေါင် (၆၂၇.၁) သန်းအထိ ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၆) အပြီးတွင် (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံး ရမှတ် (၈)မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း(၁၈ မှတ်)နှင့် (၁၀)မှတ်အထိ ကွာဟနေသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

သို့သော် မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခြင်းနှင့် ရုပ်သံဝင်ငွေ တိုးမြှင့်ရရှိခြင်းတို့ကြောင့် ယခုကဲ့သို့ စံချိန်တင်ဝင်ငွေရရှိခဲ့ခြင်းဖြစ်ပြီး အသားတင်အမြတ်ငွေမှာလည်း ပေါင်သန်း (၅၀) အထိ ရှိခဲ့ကြောင်း သိရသည်။ 

မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်က မိမိတို့အနေဖြင့် ယခုကဲ့သို့စံချိန်တင်ဝင်ငွေရရှိခြင်းကို အသင်းတည်ဆောက်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် နည်းပြ ဆိုးလ်ရှားကိုလည်း အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်။ 

အက်ဒ်ဝုဒ်ဝက်ဒ်က "ကျွန်တော်တို့အနေနဲ့ အသင်းကို ပြန်လည်တည်ဆောက်ရေးနဲ့ လူငယ်ကစားသမားတွေ ထွက်ပေါ်ရေးတွေကို အာရုံစိုက်ပြီး အသင်းနဲ့ နည်းပြရဲ့ ဆန္ဒတွေအတိုင်း လုပ်ဆောင်သွားမှာပါ။ အခုလည်း အကယ်ဒမီက လူငယ်ကစားသမားတွေဟာ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရနေကြပါပြီ။ မန်ယူအသင်းမှာ ရှိတဲ့ လူတိုင်းအနေနဲ့ အလုပ်လုပ်ဖို့ လိုအပ်ပြီး ကျွန်တော်တို့ရဲ့ ပင်မရည်မှန်းချက်က ဆုဖလားတွေ ရရှိဖို့ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းအနေဖြင့် ၂၀၁၈-၁၉ ရာသီတွင် ကလပ်စံချိန်တင်ဝင်ငွေရရှိခဲ့သော်လည်း ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့သဖြင့် ၂၀၁၉-၂၀ ရာသီတွင် ဝင်ငွေ ကျဆင်းသွားဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က သုံးသပ်ဖော်ပြခဲ့သည်။ 

 

Most Read

Most Recent