ချယ်လ်ဆီးအသင်း၏ လစာအများဆုံးစာရင်းတွင် ဟတ်ဆန်အိုဒွိုင်း ပါဝင်လာ

ချယ်လ်ဆီးအသင်း၏ လစာအများဆုံးစာရင်းတွင် ဟတ်ဆန်အိုဒွိုင်း ပါဝင်လာ
Published 21 September 2019

ချယ်လ်ဆီးအသင်းနှင့် ငါးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည့် တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းသည် စာချုပ်သစ်အရ လစာအများဆုံးကစားသမားစာရင်းတွင် ပါဝင်လာကြောင်း သိရသည်။

အသက် ၁၈ နှစ်သာရှိသေးသည့် အင်္ဂလန်လက်ရွေးစင်ကစားသမား ဟတ်ဆန်အို ဒွိုင်းသည် စာချုပ်သစ်အရ တစ်ပတ်လစာ ပေါင် ၁၈၀,၀၀၀ မှ ပေါင် ၂၀၀,၀၀၀ အထိ ရရှိမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

၎င်းသည် ယခင်စာချုပ်အရ တစ်ပတ်လစာ ပေါင် ၁၀,၀၀၀ ဝန်းကျင် သာရရှိခဲ့သောကြောင့် ၁၈ ဆမှ အဆ ၂၀ အထိ မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်း၏ လစာအများဆုံးကစားသမားအဖြစ် ကွင်းလယ်လူ ကွန်တေက တစ်ပတ်လျှင် ပေါင် ၂၉၀,၀၀၀ ဖြင့် ရပ်တည်နေပြီး ဂိုးသမား ကယ်ပါက ပေါင် ၁၉၂,၀၀၀ ဖြင့် ဒုတိယနေရာရပ်တည်နေကာ ဟတ်ဆန် အိုဒွိုင်းက တတိယနေရာအထိမြင့်တက်လာကြောင်း သိရသည်။

 

Most Read

Most Recent