တောင်ပြိုလက်ဝဲအနီးက မြန်မာ-ဘင်္ဂလားဒေ့ရ်ှနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးတွင် နေထိုင်ကြသည့် ဘင်္ဂါလီများကို မြန်မာနိုင်ငံဘက်ရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အကူအညီပေးရေး ဆောင်ရွက်တော့မည် ဖြစ်ကြောင်းသိရ

တောင်ပြိုလက်ဝဲအနီးက မြန်မာ-ဘင်္ဂလားဒေ့ရ်ှနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးတွင် နေထိုင်ကြသည့် ဘင်္ဂါလီများကို မြန်မာနိုင်ငံဘက်ရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အကူအညီပေးရေး ဆောင်ရွက်တော့မည် ဖြစ်ကြောင်းသိရ
ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူများ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ် (၃၄) နှင့် မှတ်တိုင် အမှတ် (၃၅) အကြား နယ်စပ်မျဉ်းတွင် တရားမဝင် တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံစဉ်
ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူများ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ် (၃၄) နှင့် မှတ်တိုင် အမှတ် (၃၅) အကြား နယ်စပ်မျဉ်းတွင် တရားမဝင် တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံစဉ်
Published 13 October 2018
သားရွှေဦး (ကစ္ဆပ)

ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူများ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ် (၃၄) နှင့် တောင်ပြိုလက်ဝဲအနီးက မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ်မျဉ်း အနီးတွင် နေထိုင်ကြသည့် ဘင်္ဂါလီများကို မြန်မာနိုင်ငံဘက်ရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အကူအညီပေးရေး ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီများအတွက် အကူအညီများကို အရင်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဘက်ခြမ်းမှာရှိသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အကူအညီ ပေးနေခြင်းဖြစ်ပြီး နယ်စပ်မျဉ်းအနီးက ဘင်္ဂါလီများ နေထိုင်နေကြသည့် နေရာသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ သက်ရောက်သည့်နေရာ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှာ အခြေစိုက်သည့် ICRC အဖွဲ့က ကူညီနိုင်ရေး စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အကူအညီပေးရေး ကိစ္စနှင့် ပတ်သက်ပြီး ICRC အဖွဲ့က စက်တင်ဘာလ အတွင်းက နယ်စပ်ရှိ ဘင်္ဂါလီများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သလို အကူအညီပေးရေး ကိစ္စရပ်များကိုလည်း လာမည့်လတွင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က အောက်တိုဘာ ၁၂ ရက်က နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်နယ်အစိုးရအဖွဲ့ တွေ့ဆုံရာတွင် ပြောကြားသည်။

“နယ်စပ်မှတ်တိုင် ၃၄ နဲ့ ၃၅ ကြားမှာရှိတဲ့ သူတွေကို တစ်ဖက်နိုင်ငံမှာရှိတဲ့ ICRC ထောက်ပံ့ပေးနေခြင်းအစား ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ICRC ကထောက်ပံ့ပေးဖို့အတွက် ဆွေးနွေးခဲ့ပြီးတော့ စက်တင်ဘာ ၁၂ ရက်က ICRC နဲ့အစိုးရ တာဝန်ရှိသူတွေ သွားပြီးတော့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဘင်္ဂါလီနေထိုင်နေကြတဲ့ နေရာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာသက်ရောက်တဲ့ နေရာမှာ ရှိတဲ့အတွက် အခုလိုစီစဉ်ရခြင်း ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါ လက်ခံတဲ့အတွက် ရှေ့လမှာဆိုရင် နေရာတွေသတ်မှတ်ပြီး ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးဖုန်းတင့်က ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်မျဉ်းအနီး ယာယီနေထိုင်သူများအား ကြက်ခြေနီလှုပ်ရှားမှုက ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကနဦး လေ့လာခြင်းခရီးစဉ် (ခြံစည်းရိုးကို ဖြတ်ကျော်ခြင်းမပြုဘဲ) သွားရောက်ခဲ့သော တွေ့ရှိချက်များ၊ ဒုတိယအကြိမ် အသေးစိတ် ဆန်းစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစီအစဉ်များ၊ နယ်နိမိတ်မျဉ်းအနီး နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအား ထောက်ပံ့ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အောက်တိုဘာ ၁၁ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား ကြက်ခြေနီလှုပ်ရှားမှု Red Cross Movement (RCM) အဖွဲ့က လာရောက် တွေ့ဆုံဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။

ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူများသည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ် (၃၄) နှင့် မှတ်တိုင် အမှတ် (၃၅) အကြား နယ်စပ်မျဉ်းတွင် တရားမဝင် တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် တစ်နာရီကြာ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်မှာ လက်တွေ့ဂယက်ရိုက်မှုများကို လေ့လာသိရှိရန်နှင့် အကူအညီပေးဖြစ်ပါက ထောက်ပ့ံပို့ဆောင်ရေးဆိုင်ရာ အခြေအနေများကို ပိုမိုနားလည်သိရှိရန် တောင်ပြိုနယ်စပ်သို့ သွားရောက် လေ့လာခဲ့ခြင်းဖြစ်ကြောင်း ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့မှ ပြောကြားခဲ့သည်။

ကြက်ခြေနီလှုပ်ရှားမှုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဒဏ် ခံရသည့် အခြားသူများနည်းတူ နယ်စပ်မျဉ်းတွင် နေထိုင်ကြသူများ အပါအဝင် အကူအညီ လိုအပ်နေသူများသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ လိုအပ်ချက်အရ မည်သည့်နေရာတွင် တည်ရှိကြသည်ဖြစ်စေ အကူအညီ ပေးကြောင်းလည်း ကြက်ခြေနီ လှုပ်ရှားမှုအဖွဲ့ထံမှ သိရသည်။

မောင်တောမြို့နယ် တောင်ပြိုအနီးရှိ နယ်နိမိတ်မျဉ်း အနီးတွင် နေထိုင်လျက်ရှိကြသူများအား အသက်ရှင် နေထိုင်ရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မြန်မာဘက်ခြမ်းမှပေးရန် ကြက်ခြေနီ လှုပ်ရှားမှုကို ဖိတ်ခေါ်ထားကြောင်းနှင့် လက်ရှိအချိန်တွင် အာဏာပိုင်များ၊ ရပ်ရွာ လူထုခေါင်းဆောင်များနှင့် ဆွေးနွေးလျက်ရှိပြီး တောင်းဆိုမှုနှင့် စပ်လျဉ်းသည့် လက်တွေ့ဂယက်ရိုက်မှုများကို စုံစမ်းလျက်ရှိကြောင်း ကြက်ခြေနီလှုပ်ရှားမှု၏ ရှင်းလင်းချက် တစ်စောင်အား စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။

အစိုးရအား ဆန့်ကျင်ကာ မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားသည့် အကြမ်းဖက် ဘင်္ဂါလီများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ICRC တို့မှ ရိက္ခာထောက်ပံ့ပေးမည့် အစီအစဉ်အား မောင်တောဒေသခံများမှ ကန့်ကွက် ဆန္ဒဖော်ထုတ်မှု တစ်ခုကို စက်တင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်ရာတွင် MRCS/ICRC မှ ဦးဆောင်ပြီး နယ်စပ်ဖြတ်ကျော် ရိက္ခာထောက်ပံ့ပေးမှု အလိုမရှိ၊ နိုင်ငံတော် အစိုးရမှ ဒေသခံများ၏ သဘောထားဆန္ဒကို ဦးစားပေးရေး ဒို့အရေး၊ MRCS/ICRC ရန်ကုန်ရုံးချုပ်အကြံ မောင်တောပြည် သူလက်မခံ စသည့် ကြွေးကြော်သံများဖြင့် လူဦးရေ ၃၀၀ ကျော်က မောင်တောမြို့ပေါ်ရှိ ICRC ရုံးနှင့် MRCS ရုံးရှေ့သို့ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent